သူ ကန်စွန်းဥများကို စိတ်လှုပ်ရှားစွာ ရောင်းနေစဥ် အသံတစ်သံကို ကြားလိုက်ရသည်။

    "ဟေး ....မင်းရပ်သင့်ပြီ"

    လင်းချီ ကြက်သေသေသွားသည်။ ထို့နောက် သူ့ရှေ့တွင် လူတချို့ရပ်နေပြီး သူတို့၏ အ၀တ်များမှာ သာမန်လူများနှင့် မတူညီစွာ ကွဲပြားခြားနားနေသည်။

    သူ့အရှေ့တည့်တည့်၌ရှိနေသော လူမှာ ဂုဏ်သိက္ခာကြီးမားစွာ ၀တ်ဆင်ထားပြီး သူ့နောက်လိုက်နှစ်ဦးမှာတော့ မှော်ဆရာ ဝတ်စုံများ ၀တ်ဆင်ထားကြသည်။

    ၎င်းတို့၏ အကြည့်များမှ တစ်ဆင့် သူ့ကို ပြဿနာ ရှာရန် ဖြစ်ကြောင်း သိသာနေသည်။ ထို့ကြောင့် သူလည်း အနည်းငယ် သတိထား၍ မေးမြန်းလိုက်သည်။
   
    "မင်းတို့ ငါ့ဆီက ကန်စွန်းဥလာ၀ယ်တာလား"
   
    "အိပ်မက်မက်နေလိုက်… လူတွေဆီက ပိုက်ဆံကို လိမ်ယူနေတာ တရားမ၀င်ဘူးဆိုတာ မင်းမသိဘူးလား"
   
    "ဘာ… ငါဘယ်တုန်းက လူတွေကို လိမ်ဖူးလို့လဲဟ...ငါကတကယ့်ကို ရိုးသားတဲ့ ကုန်သည်တစ်ယောက်ပါ"
    လင်းချီ သူတို့၏ စကားအား အမှန်ပြင်ပေးလိုက်သည်။

    သို့သော်လည်း မော့ထ်က နှာခေါင်းရှုံ့လိုက်ပြီး "ကောင်စုတ်လေး... မင်းဒီနားမှာ အထူးကုန်သွယ်ရေး အဖွဲ့အစည်းတွေ ရှိတယ်ဆိုတာ သိတယ်မလား ..တကယ်လို့ မင်းက ကုန်သည်အဖြစ် မှတ်ပုံတင်မယ်ဆိုရင် ငါ့ခွင့်ပြုချက် လိုတယ်ကွ..နားလည်လား....."
   
    "အမ်..." လင်းချီ ပြောစရာစကား ပျောက်ဆုံးသွားပြီး သူ့ခေါင်းကို ကုတ်လိုက်သည်။ သို့သော်လည်း ပြန်လည်ချေပ လိုက်သည်။ "နေဦး...မင်းက ငါ့ကို မှောင်ခိုရောင်းလို့ ဖမ်းမယ်ဆို ဒီနားမှာ မှောင်ခို ဈေးသည်တွေ အများကြီး မမြင်ဘူးလား ဘာလို့ ငါ့ကျမှ ပစ်မှတ်ထားနေတာလဲ"
    "သူတို့ရောင်းနေတာက အသေးမွှားလေးတွေကွ..ဒါပေမဲ့မင်းဟာကတော့ မတူဘူး....မင်း‌ရောင်းနေ‌တာ မှော်ကန်စွန်းဥလို့ ခေါ်တဲ့ ကန်စွန်းဥတွေကို ရောင်းနေတာမလား..ဘာမှော်ကန်စွန်းဥလဲ ..ဒါလုံး၀ကို သောက်အဓိပ္ပာယ်မရှိတာပဲ"
    မော့ထ် သူ၏ ဘာမျှမရှိသော သွားများဖြင့် ထေ့ငေါ့ပြောဆိုလိုက်သည်။

မှော်ကုန်းမြေမှအစားအစာထောက်ပံ့သူစနစ်Where stories live. Discover now