ရှောင်ကျန့်တို့ဝင်လာတော့ ရှင်းလေးကထထိုင်နေပြီး
ဝမ်၊ တင်းနီနဲ့စကားတောင်ပြောနေပြီဖြစ်သည်။" သက်သာရဲ့လား ကလေး "
" ယောက်ဖနဲ့ အစ်ကိုရှောင်ဝမ်ကလည်း ဘာမှမပါဘူး "
ရှောင်ကျန်ပြုံးကာ ဆေးရုံခုတင်နားက ခုံမှာထိုင်လိုက်သည်။
" အစ်ကိုတို့ဘယ်လောက်တောင် လန့်သွားခဲ့ရလဲ "
" ယောက်ဖ ကိုကို့ကိုအနမ်းပေးလိုက်အုံး
ကိုကိုမျက်နှာဖြူဖတ်နေတာပဲ "ရှောင်ကျန့် ဝမ်ကိုကြည့်လိုက်သည်။ ချစ်ရတဲ့သူက
တကယ်ပဲ မျက်နှာလေးက ညိုးငယ်နေသည်။
ဝမ်ရယ် ကိုယ်ဘယ်လိုလုပ်ရမလဲ ကိုယ်က
မင်းကိုပျော်စေချင်တာ ကိုယ်စိုက်ပျိုးထားတဲ့
နှင်းဆီပန်းလို ရဲရဲရင့်ရင့်နဲ့တောက်ပစေချင်တာ
မင်းပျော်ဖို့ဆို ကိုယ်ကပေးဆပ်နေရင် ရပြီလို့
ထင်ထားတာ" ယောက်ဖ...ယောက်ဖ! "
ရှင်းလေးခေါ်သံတောင်မကြား ပေါ်လေးကိုပဲကြည့်နေသော အစ်ကိုအား ရှောင်ဝမ်ပုခုံးကိုပုတ်လိုက်သည်။
" အစ်ကို! "
" ဟမ်! "
" ယောက်ဖကတော့ ကျွန်တော်အစ်ကို့ကို
ကြည့်လှချည်လား "" တောင်းပန်ပါတယ်ရှင်းလေး ဝမ်လေးက
မျက်နှာညိုးငယ်နေတယ်တာဆိုတာ အစ်ကိုမျက်ဝန်းထဲမှာနတ်သားလေးလို့တောက်ပနေလို့ "" ဟားဟား "
ကိုကိုစကားကြောင့် အားလုံးသဘောကျကာရယ်နေသည်။
" ကိုကို! "
မျက်စောင်းထိုးသွားတဲ့ဝမ်ကြောင့်
ရှောင်ကျန့်ပြုံးလိုက်သည်။" တင်းနီ ကိုယ်ပြန်မှာ တခါတည်းလိုက်မလား "
ရှောင်ကျန့်ဆိုလိုက်တော့ တင်းနီ ရှင်းလေးကို
တချက်ကြည့်ကာ
" ကျွန်တော်ညအိပ်စောင့်ပါမယ် "" မဖြစ်ဘူး ငါလာတုန်းက ရှေ့မှာမင်းပရိတ်သတ်တွေ
တွေ့တယ် မင်းဆေးရုံကိုလိုက်ပို့တာ တစ်ယောက်ယောက်တွေ့သွားပြီ လိုင်းပေါ်တင်လိုက်တယ်ထင်တယ် "
![](https://img.wattpad.com/cover/339821092-288-k804022.jpg)
Part 36
Start from the beginning