Chapter26(Unicode+Zawgyi)

Start from the beginning
                                    

မောင်ကရေပတ်တိုက်ရင်းဝေးကိုပြုံးကာပြောလာတော့သည်...

မောင့်ရဲ့မျက်နှာပေါ်ကမျက်ကွင်းညိုတွေပေါ်ဝေးလက်နဲ့ခပ်ဖွဖွထိတွေ့မိသည်...

မောင့်ကိုကြည့်ပြီးစိတ်မကောင်းဖြစ်မိတာတော့အမှန်ပါ...

'မောင်...'

'...ဟင်...'

'ဝေးကိုကြည့်ပါဦးလား...?'

'အင်း..ပြော...ဝေးလေးဘာပြောချင်လို့လဲ...?'

'မောင်ဝေးကြောင့်ပင်ပန်းနေရပြီမဟုတ်လားဟင်...?'

'မောင်...မပင်...'

'ဟင့်အင်း....မောင်ဝေးကြောင့်ဒုက္ခများခဲ့ရတာလေ....ဆေးရုံနဲ့အိမ်ကိုနေ့တိုင်းအိမ်ဦးနဲ့ကြမ်းပြင်လိုပြေးလွှားနေတဲ့မောင်ကဝေးရဲ့တာဝန်တွေရောမောင့်အလုပ်တွေအပေါ်ကိုရောဝတ္တရားကျေပွန်အောင်လုပ်နေတာမောင့်မှာနားချိန်တောင်မ၇ှိခဲ့ဘူးလေမောင်....'

'မောင်မပင်ပန်းပါဘူးကလေးရယ်..'

'မောင်ဝိတ်တွေကျသွားတာရောသိလား..?မောင်အစားမှန်မှန်စားလေကွာ....နော်...'

ဝေးကမောင့်ကိုပြောတော့မောင်ကဝေးရဲ့ပိုက်တွေသွယ်ထားတဲ့လက်တဖက်ကိုခပ်ဖွဖွဆုပ်ကိုင်ရင်းရယ်သွမ်းသွမ်းပြောလာတာက...

'မောင့်သဲငယ်ကအချိန်တိုင်းသေမင်းနဲ့နေ့တိုင်းဆေးရုံမှာစစ်ခင်းနေရတာကိုမောင်ကဘယ်လိုစိတ်နဲ့များစားနိုင်မှာလဲကလေးရယ်........'

'မောင်ရယ်....'

ကျွန်တော်မှာမောင့်အတွက်ပြောစရာစကားမရှိခဲ့ဘူး...မရှိတာထက်မောင့်ကိုနှစ်သိမ့်စကားဆိုဖို့စကားရှာမရခဲ့တာဆိုပိုမှန်လိမ့်မယ်...

မောင့်စကားကိုငြင်းရအောင်လဲမောင်ပြောတဲ့ထဲအမှားမှမပါခဲ့ဘဲ...

'မောင်...ဝေး...'

'ကဲ..မောင်ရေပတ်ဆက်တိုက်ပေးမယ်နော်..ဝေးအအေးမိလိမ့်မယ်.....'

မောင်ကတော့အပြုံးမပျက်ဘဲဝေးကိုရေပတ်ဝတ်တိုက်ပေးပေမဲ့ဝေဂမှာတော့မောင့်ကိုကြည့်ပီဲးရင်ထဲစို့နစ်နေခဲ့သည်...

အကယ်၍.....အကယ်၍များ.....ဝေးနဲ့ပတ်သက်ပြီးအဲ့နေ့ကြတခုခုလွဲမှားသွားခဲ့ရင်မောင်ခံနိုင်ရည်၇ှိပါ့မလားစိတ်ပူမိတယ်မောင်ရယ်...

Love  or hateWhere stories live. Discover now