" ကိုယ်မနက်စာသွားလုပ်ပေးမယ် သူရောက်လာရင်
အပေါ်လွှတ်လိုက်မယ် "

" ကျေးဇူးတင်ပါတယ် အစ်ကို "

  ရှောင်ဝမ်ပြုံးပြီးအခန်းထဲကအထွက်
ဝမ်ရိပေါ်ကိုတွေ့ရသည်။

" ရှင်းလေးနိုးနေပြီ "

" အင်း ရှောင်ဝမ်..ငါ "

" မနက်စာသွားပြင်လိုက်အုံးမယ် "

  ဝမ်ရိပေါ်ဘာပြောရမှန်းမသိခင် ရှောင်ဝမ်ထွက်သွားသည်။
ရိပေါ် သက်ပြင်းသာချနေမိသည်။ သူ့သူငယ်ချင်းက
ရှင်းလေးကို ဘယ်လောက်ထိချစ်လဲ သူအသိဆုံးပဲဖြစ်သည်။

  " မင်းရောက်ပြီကိုး "

   ရှောင်ဝမ်စားစရာယူပြီးထွက်အလာ
ဧည့်ခန်းထဲရောက်ရှီနေပြီဖြစ်တဲ့ တင်းနီကို နှုတ်ဆက်လိုက်သည်။ တင်းနီလက်ထဲကပန်းနှင့်သစ်သီးခြင်းကို
အစေခံကိုယူစေကာ သူ့လက်ထဲကအစားအသောက်ဗန်းကိုတင်းနီကိုပေးလိုက်သည်။

" ရှင်းလေးအခန်းကိုလိုက်ပို့လိုက် "

  အစေခံက ခေါင်းညိတ်ကာ ခေါ်ဆောင်သွားသည်။

  🏫

ဒေါက်...ဒေါက်

    ရိပေါ်ရှင်းလေးကို နှိပ်ပေးနေစဥ်
တံခါးခေါက်သံကြောင့်
ဝင်စေလိုက်သည်။

" တင်းနီ! "

  တင်းနီလာတာနဲ့ ချက်ခြင်းထထိုင်လာတဲ့ကလေး

" ရှင်းလေး "

အစားအသောက်ကိုစားပွဲပေါ်တင်ကာ ရှင်းလေးကိုဖက်လိုက်သည်။ ဝမ်ရိပေါ်အလိုက်သိစွာပဲ အခန်းထဲကထွက်လာခဲ့လိုက်သည်။

" ပိန်သွားလိုက်တာ "

ဖက်ထားရာကနေခွာပြီ ရှင်းလေးကိုသေချာကြည့်ကာပြောလိုက်သည်။

" တင်းနီကိုလွမ်းလို့လေ ဘာကြောင့်ကျွန်တော်ကိုပစ်ထားတာလဲ ကျွန်တော်ကိုချစ်တယ်ဆိုတာလိမ်တာလား "

" တောင်းပန်ပါတယ် အဲ့လိုတောင်ထင်သွားရတာလား
ကိုယ်ကအလုပ်လုပ်နေရရင် တခြားကိုအာရုံမစိုက်တက်လိုက်ပါ အလုပ်ပြီးမှ ဖုန်းကို မန်နေဂျာဆီကတောင်းတာ "

အမြတ်နိုးဆုံးဝမ်Where stories live. Discover now