Final

144 8 7
                                    

သူ့စားပွဲပေါ်ကိုဂျဲနိုလာတင်သွားတဲ့ကော်ဖီဗူးကို ဒိုယောင်းဒီအတိုင်းထိုင်ကြည့်နေမိတာ ဆယ့်ငါးမိနစ်ခန့်ရှိလေပြီ။
ဒီရက်ပိုင်းမှာပြောင်းလဲသွားတဲ့ထယ်ယုံးပုံစံကို သူဘယ်လိုမှနေသားမကျနိုင်။
သူသိထားတဲ့ ထယ်ယုံးပုံစံကဒီလိုမှမဟုတ်လေဘဲ။

“ ကော်ဖီကသိုင်းရှုနေတာလား ဒေါက်တာကင်မ် ”

တံခါးမခေါက်ဘာမခေါက်ရုံးခန်းထဲဝင်လာပြန်တဲ့ မွန်းထယ်အီကြောင့် ဒိုယောင်းသက်ပြင်းချမိသည်။

“ ဟျောင်း ကျွန်တော့အခန်းထဲမဝင်ခင် တံခါးခေါက်ပါလို့ဆို ”

“ ဆောရီး ”ဟုဆိုတာ တံခါးကိုသွားခေါက်ပြီးမှ အထဲကိုပြန်ဝင်လာတဲ့မွန်းထယ်အီကတကယ်စိတ်တိုချင်စရာ။
ဒါပေမယ့် အစ်ကိုအရင်းလိုဖြစ်နေတဲ့အပြင် အထက်လူကြီးလည်းဖြစ်နေတာကြောင့် စိတ်ကိုလျော့လိုက်ရသည်။

“ ဘာကိစ္စရှိလို့လဲ ဟျောင်း ”

“ အီထယ်ယုံးအခုထိပန်းခြံထဲမှာရှိနေတုန်းပဲ
အဲ့တာမင်းသိချင်မလားလို့လာပြောတာ
စီနီယာတစ်ယောက်အနေနဲ့ရော အစ်ကိုတစ်ယောက်အနေနဲ့‌ရော အကြံပေးချင်တယ် ဒိုယောင်း
တစ်ခါတစ်လေ နှလုံးသားရဲ့အလိုကိုလိုက်တာကလည်း မကောင်းတဲ့ကိစ္စတော့မဟုတ်ဘူး ”

မွန်းထယ်အီပြန်ထွက်သွားတော့ ဒိုယောင်းအခန်းထဲမှာအတွေးများစွာရစ်ဝဲကျန်ရစ်သည်။
သူတကယ်ပဲ ထယ်ယုံးကိုအခွင့်အရေးထပ်ပေးသင့်ပါရဲ့လား
.
.
.
အိမ်ပြန်ရောက်တဲ့အချိန် မီးဖိုခန်းထဲကပျံ့လွင့်လာတဲ့ဟင်းရနံ့မွှေးကြောင့် ဒုံဟျော့ဟင်းချက်နေတာလို့ထင်ခဲ့ပေမယ့် အေပရွန်ကြီးဝတ်ပြီးထွက်လာသူက ယောင်းဟိုဖြစ်နေတာကြောင့် ဒိုယောင်းနည်းနည်းအံ့အားသင့်သွားရသည်။
ယောင်းဟိုကိုဒီလိုပုံစံနဲ့မမြင်ဖူးလေဘူးကို။

“ ဘာလုပ်နေတာလဲ ”

“ မဟုတ်...မဟုတ်ပါဘူး ”

“ ရေချိုးပြီးဆင်းလာခဲ့လေ ငါထမင်းဝိုင်းပြင်ထားမယ် ”

အမြဲလန်းဆန်းတတ်ကြွနေတဲ့ယောင်းဟိုရဲ့ပုံစံကိုသိပေမယ့်
ဒီနေ့တော့ထူးထူးခြားခြားဖြစ်နေသလိုခံစားမိသည်။
တစ်ခုခု ကြီးကြီးမားမားဖြစ်တော့မလိုမျိုးခံစားချက်မျိုးပင်။

Hopeless Romantic Where stories live. Discover now