15

70 8 3
                                    

“ နောက်တစ်ပတ်လောက်ကြာတော့ ဒိုယောင်း ဗန်ကူးဗားမှာဆေးရုံတတ်ရတယ်လို့ကြားရတယ်
ကျွန်တော်က ဒီအတိုင်းခရီးသွားရင်းဖျားတာလို့ထင်ခဲ့ပေမယ့်
နှင်းထဲမှာညလုံးပေါက်ထိုင်နေခဲ့လို့ အဖျားဝင်ရာက ရောဂါအခံကြောင့် အခြေအနေတွေကပိုဆိုးသွားခဲ့တယ်တဲ့လေ
ဆေးရုံမှာတစ်လလောက်အထိနေခဲ့ရတာ
အဲ့တုန်းက ဂျဲနိုသာရှာမတွေ့ခဲ့ရင် ကျွန်တော်တို့ဒိုယောင်းကိုလက်လွှတ်လိုက်ရမလားမသိဘူး ”

ဒေါက်တာမွန်းပြန်ဆင်းသွားတော့ ခေါင်မိုးထပ်မှာထယ်ယုံးတစ်ယောက်တည်းကျန်ရစ်ခဲ့သည်။
အဲ့နေ့ကအကြောင်းပြန်တွေးမိတော့ ထယ်ယုံးမျက်ဝန်းကျယ်ကြီးမှာ မျက်ရည်တို့တွဲခိုလာရသည်။
အဲ့နေ့တုန်းက ညီဝမ်းကွဲဖြစ်တဲ့မာ့ခ်ကို လေဆိပ်ကိုလိုက်ပို့ရင်း အမှတ်မထင် ဒိုယောင်းနဲ့တူတဲ့ပုံရိပ်လေးတစ်ခုကိုမြင်လိုက်မိပေမယ့် မဟုတ်လောက်ပါဘူးဆိုတဲ့အတွေးနဲ့ သေချာလိုက်မရှာကြည့်ခဲ့မိတာဖြစ်သည်။
ဒိုယောင်းမှန်းသာသိခဲ့ပါလျှင် ကျိန်းသေပေါက်ဖမ်းဆုပ်ထားဖို့ကြိုးစားခဲ့မိမှာပင်။

အဲ့နေ့ကဒိုယောင်းမြင်လိုက်တဲ့မြင်ကွင်းကိုဖြတ်ခနဲစဉ်းစားမိတော့ ထယ်ယုံးစိတ်ထဲပူလောင်လာရသည်။
သူ့ကိုစိတ်နာနေတာ အဲ့တုန်းကမြင်ကွင်းကြောင့်ဖြစ်နိုင်တယ်မဟုတ်ပါလား။
ဒိုယောင်းကိုရှင်းပြရမယ်ဆိုတဲ့အသိကြောင့် အောက်ကိုပြန်ဆင်းဖို့ တံခါးကိုအဖွင့်မှာ ဒိုယောင်းနဲ့ တံခါးအဝမှာတည့်တည့်တိုးမိတာကြောင့် ဝမ်းသာသွားရသည်။
သူရှိနေလို့ အံ့ဩနေတဲ့ဒိုယောင်းရဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေကပုံမှန်ထက် ပြူးကျယ်ဝိုင်းစက်နေတာက ထယ်ယုံးအတွက်အသည်းယားစရာကောင်းလို့နေသည်။

“ ဒိုအီ ငါမင်းကိုပြောစရာတွေအများကြီးရှိတယ်
ငါ့ကိုမုန်းနေမှာသိပေမယ့် နည်းနည်းဖြေရှင်းခွင့်လေးတော့ပေးပါနော် ”

ထွက်ပြေးသွားမှာကြောက်တဲ့စိတ်နဲ့ လက်တစ်ဖက်ကိုဖမ်းကိုင်ထားမိပေမယ့် အရင်တစ်ခါကလိုရုန်းထွက်မသွားတော့တဲ့ဒိုယောင်းကြောင့်
ထယ်ယုံးသက်ပြင်းသေးသေးလေးတစ်ခုကိုခိုးချမိသည်။

Hopeless Romantic Where stories live. Discover now