8

82 8 0
                                    

ည၁၀နာရီကျော်ဆိုပေမယ့် ဒိုယောင်းတို့နေတဲ့ရပ်ကွက်ထဲမှာ လူမပြတ်သေး။ လမ်းပေါ်မှာဟိုဟိုဒီဒီသွားလာနေတဲ့သူတွေရှိနေသေးသည်။
စက်ဘီးကိုခပ်သွက်သွက်နင်းနေတဲ့ ဒိုယောင်းရဲ့ဦးတည်ရာက ဒိုယောင်းတို့နေတဲ့ရပ်ကွက်ရဲ့ ဟိုးဘက်တစ်ရပ်ကွက်ကျော်က ညဈေးတန်းဆီ။
ထယ်ယုံးစားချင်တဲ့ ကန်စွန်းဥမီးကင်ကအဲ့မှာပဲရှိတာကြောင့် ဒိုယောင်းတစ်ယောက် ထယ်ယုံးမေမေကိုလမ်းထိပ်မုန့်ဆိုင်ဟုလိမ်ကာ ထွက်ခဲ့ရခြင်း။

ဒိုယောင်းညဈေးတန်းကိုရောက်တော့ ကန်စွန်းဥမီးကင်ရောင်းတဲ့ဆိုင်ကို အသည်းအသန်ရှာရပြန်သည်။
ဆယ်မိနစ်လောက်ဈေးတန်းထဲပတ်ရှာမိမှ ဦးလေးကြီးတစ်ယောက်ရောင်းနေတဲ့ ကန်စွန်းဥဆိုင်ကိုရှာတွေ့တော့သည်။

ဒိုယောင်း သူဝယ်လာတဲ့ကန်စွန်းဥတွေကိုလက်တစ်ဖက်မှာကိုင်ရင်း စက်ဘီးကိုဖြည်းဖြည်းနဲ့မှန်မှန်နင်းလာလိုက်သည်။
အလာတုန်းကလိုခပ်မြန်မြန်မနင်းနိုင်တော့တဲ့အကြောင်းအရင်းက လက်ထဲကကန်စွန်းဥအိတ်ကြောင့်ပင်။
ကြွပ်ကြွပ်အိတ်နဲ့မဟုတ်ဘဲ စက္ကူအိတ်နဲ့ထုပ်ပေးလိုက်တဲ့ ကန်စွန်းဥတွေပြုတ်ကျသွားမှာစိုးတာကြောင့်။
ဖြည်းဖြည်းချင်းနင်းလာတဲ့ကြားထဲ ဆိုင်ကယ်တစ်စီးကပွတ်ဆွဲသွားတာကြောင့် ဒိုယောင်းရောစက်ဘီးရော လဲကျသွားရတော့သည်။
ပုံမှန်ဆို သူ့စက်ဘီးကိုသိပ်ချစ်တဲ့ဒိုယောင်းက ‌စက်ဘီးကိုအရင်စစ်ဆေးမှာဆိုပေမယ့် ဒီနေ့ကတော့သူ့အာရုံကကန်စွန်းဥဆီမှာပဲရှိလို့နေသည်။

“ တော်သေးတာပေါ့ မပြုတ်ကျကုန်လို့ ” 

စက်ဘီးကိုပြန်ထောင်ပြီး ခပ်သွက်သွက်ပြန်နင်းလာလိုက်သည်။
ဒူးနှစ်ဖက်နဲ့လက်ဖဝါးမှနာနေသည်ကိုလည်း လျစ်လျူရှုထားမိသည်။
အခုအချိန်မှာ အားလုံးထက် အိမ်ပြန်ရောက်ဖို့က ပိုအရေးကြီးနေတာမို့လို့။
ဒိုယောင်းအိမ်ပြန်ရောက်တော့ ထယ်ယုံးမေမေကခြံထဲမှာဖုန်းပြောနေတာမို့လို့
ကန်စွန်းဥအိတ်ကိုခန္ဓာကိုယ်နဲ့ကွယ်ကာ အိမ်ထဲကိုခပ်သွက်သွက်ပြေးဝင်ခဲ့လိုက်သည်။

“ ညမှောင်မှဘယ်တွေ‌သွားတာလဲ ကင်မ်ဒိုအီ ”

အခန်းထဲဝင်ဝင်ချင်းလှမ်းမေးတဲ့ထယ်ယုံးကို လက်ထဲကကန်စွန်းဥအိတ်ကိုမြှောက်ပြလိုက်တော့ မျက်နှာကဝင်းခနဲဖြစ်သွားသလို မျက်လုံးတွေကပါ အရောင်တလက်လက်ဖြစ်လာတော့သည်။ ကြယ်တာရာအစုအဝေးတစ်ခုလုံး ထယ်ယုံးမျက်လုံးထဲရောက်နေသလိုမျိုး။

Hopeless Romantic Where stories live. Discover now