13

92 8 6
                                    

ပန်းချီပြခန်းရောက်တော့ ဒုံဟျော့ကပြခန်းပိုင်ရှင်နဲ့စကားခဏသွားပြောတာမို့ ဒိုယောင်းတစ်ယောက်တည်းပြတိုက်ထဲမှာလိုက်ကြည့်နေလိုက်သည်။
တစ်နေရာအရောက်မှာ တတ်တူးထိုးထားတဲ့လက်ပုံဆွဲထားတဲ့ ပန်းချီကားကိုမြင်လိုက်ရတာမို့ အဲ့ပန်းချီကားရှေ့မှာ ခြေစုံရပ်လိုက်မိသည်။
ရင်းနှီးမကရင်းနှီးနေတဲ့ တတ်တူးပုံစံကြောင့် ပတ်ဝန်းကျင်မှာရှိတဲ့ တတ်တူးထိုးထားတဲ့သူတွေကို တစ်ယောက်ချင်းပြန်စဉ်းစားယူရသည်။
နောက်တော့မှထယ်ယုံးလက်ကတတ်တူးမှန်းသတိရလိုက်သည်။ ဒီပြခန်းပိုင်ရှင်ကထယ်ယုံးနဲ့တနည်းနည်းဆက်စပ်နေမှာကိုတွေးမိလိုက်တော့ ဒိုယောင်းနေလို့မကောင်းတော့။ အပြင်ဘက်ထွက်သွားဖို့ ထွက်ပေါက်ဆီဦးတည်လိုက်ကာမှ ဒုံဟျော့နဲ့စကားပြောနေတဲ့လူကိုလှမ်းမြင်လိုက်ပြီး ဒိုယောင်းကမ္ဘာကြီးဇောက်ထိုးဖြစ်သွားရသည်။
ထိုလူ... လွန်ခဲ့တဲ့ခုနစ်နှစ်က ဗန်ကူးဗားလေဆိပ်မှာထယ်ယုံးကိုဖက်ထားခဲ့တဲ့ထိုလူဖြစ်နေခဲ့သည်။
သူ့ကိုလက်လှမ်းပြတဲ့ ဒုံဟျော့ကိုလျစ်လျူရှုပြီး ပြခန်းအပြင်ဘက်ကိုသာ ခပ်မြန်မြန်ထွက်လာခဲ့လိုက်ရသည်။

မျက်နှာပျက်ယွင်းပြီး ထွက်သွားတဲ့ဒိုယောင်းနောက်ကို ဒုံဟျော့မပြေးရုံတမယ်လိုက်ခဲ့လိုက်သည်။
မာ့ခ်ကိုအားနာပေမယ့် ဒိုယောင်းကလုံးဝအခြေအနေဟန်ပုံမပေါ်ဘူးမဟုတ်ပါလား။

“ ဟျောင်း အဆင်ပြေရဲ့လား ”

“ အင်း ပြေပါတယ် ရုတ်တရက် နည်းနည်းအသက်ရှူကြပ်လာလို့ ”

“ မနေ့ကအအေးမိသွားလို့ ခန္ဓာကိုယ်ကအားနည်းနေတာထင်တယ်
တောင်းပန်ပါတယ် ကျွန်တော်မှားတာပါ ဟျောင်းကိုရေထဲမခေါ်လိုက်သင့်တာကို
အခုအိမ်ပြန်နားမလား ”

“ ရပါတယ် Snoopy Gardenသွားချင်သေးတယ်ဆို
သွားရအောင် ”

ဒိုယောင်း “ ဖြစ်ရဲ့လား ”ဆိုပြီးမျက်နှာငယ်လေးနဲ့မေးလာတဲ့ဒုံဟျော့ကို
ကားပေါ်အတင်းတွန်းတင်ပြီး ထွက်လာခဲ့လိုက်သည်။
လူအဆင်မပြေတာထက် စိတ်အဆင်မပြေတာမို့ ဒီနေရာကထွက်သွားရင် သူနေလို့ကောင်းသွားပါလိမ့်မည်။

Hopeless Romantic Where stories live. Discover now