9

85 10 3
                                    

အတိတ်ရဲ့အရိပ်တွေက ပစ္စုပ္ပန်မှာ အိပ်မက်အနေနဲ့ပြန်ထင်တိုင်း ဒိုယောင်းအိပ်ပျက်ညတွေဆက်ရစမြဲ။
အိပ်ရာဘေးက ရေဗူးကိုဖွင့်သောက်လိုက်ပေမယ့် အေးချမ်းမသွားတဲ့စိတ်က ဘာကြောင့်များလဲ။
ခုနစ်နှစ် မဟုတ်ဘူး အတိအကျဆို ခုနစ်နှစ် ရှစ်လနဲ့ ခြောက်ရက်တိတိရှိသွားပြီဆိုပေမယ့် အဖြစ်အပျက်တွေအားလုံးက ဒိုယောင်းစိတ်ထဲမှာ ထင်ထင်ရှားရှားရှိနေဆဲပင်။

ကုန်သွားတဲ့ရေဗူးကိုပြန်ဖြည့်ဖို့ အပြင်ထွက်အလာ ဝရံတာနားအရောက်မှာ စကားပြောသံကြားလိုက်တာမို့ အောက်ထပ်ကိုဦးတည်ထားတဲ့ခြေလှမ်းတွေက ဝရံတာဆီဦးတည်မိသွားသည်။
ကြည့်လိုက်တော့မှ ယောင်းဟိုဖြစ်နေတာမို့ အောက်ထပ်ကိုပြန်သွားဖို့ရည်ရွယ်လိုက်ပေမယ့်
‌ယောင်းဟိုပါးစပ်ကထွက်ကျလာတဲ့ အမည်နာမကြောင့် ဒိုယောင်းခြေစုံရပ်လိုက်မိသည်။

“ အင်း။ အဆင်ပြေနေတယ်မလား ထယ်ယုံး ”

“ မာ့ခ်ရော ”

“ အင်း ပြေရင်ပြီးတာပါပဲ ”

“ ငါလား ငါကဒိုအီ့အိမ်မှာ ”

“ အင်း ဒီလိုပဲဖြစ်သွားတယ်။ ငါနောက်မှအကြောင်းစုံပြောပြမယ်လေ ”

“ ဒိုအီလား အိပ်နေလောက်ပြီထင်တယ် အခုဒီမှာ မနက်၃နာရီဆိုတော့ ”

“ အင်း သူမနက်ဂျူတီရှိမယ်ထင်တယ် ”

“ သူအားတဲ့အချိန် ငါဖုန်းခေါ်ပေးမယ်လေ ”

“ ဖုန်းနံပါတ်လား ငါတောင်ဖုန်းနံပါတ်မတောင်းရသေးဘူး
မေ့နေတာ သတိပေးလို့ ကျေးဇူးပဲ ”

“ အင်း ဒါဆိုငါဖုန်းချလိုက်တော့မယ် ”

ယောင်းဟိုဖုန်းချလိုက်သံကြားမှ ဒိုယောင်းအိပ်ခန်းထဲကိုမြန်မြန်ပြန်ဝင်လာခဲ့သည်။
သူကြားသွားတာကို ယောင်းဟိုမသိစေလိုပါ။
ပြန်အိပ်ဖို့ကြိုးစားပေမယ့် အိပ်မရတော့တာကြောင့် လက်ပ်တော့ယူကာ စာတမ်းအတွက်အချက်အလက်တွေထိုင်ရှာနေလိုက်သည်။

နောက်နေ့မနက်ကျတော့ ဒိုယောင်းဘယ်သူမှမနိုးခင် ဆေးရုံကိုအစောကြီးထွက်လာလိုက်သည်။
ဆေးရုံနားကကော်ဖီဆိုင်မှာ ကော်ဖီဝင်ဝယ်နေတုန်းဖုန်းဝင်လာလို့ကြည့်လိုက်တော့ ဖုန်းဆက်တဲ့သူကဒုံဟျော့ဖြစ်လို့နေသည်။

Hopeless Romantic जहाँ कहानियाँ रहती हैं। अभी खोजें