7

96 8 0
                                    

ပြီးခဲ့တဲ့အတိတ်

ယောင်းဟိုထွက်သွားပြီးနောက်ပိုင်း ဒိုယောင်းနဲ့ထယ်ယုံးတို့ကြား ပိုပြီးနီးစပ်လာခဲ့တာ သိသိသာသာ။
ယောင်းဟိုတစ်ယောက်မရှိတော့လို့ဖြစ်သွားတဲ့ ကွက်လပ်ကို နှစ်ယောက်ကြိုးစားလို့ဖြည့်ဆည်းဖို့ကြိုးစားကြရင်း
ပိုနီးစက်လာတဲ့ဆက်ဆံရေးမှာ ဒိုယောင်းကထယ်ယုံးကိုပြောင်းလဲခေါ်ဆိုခဲ့တဲ့ နာမ်စားက
“ ဟျောင်း ” တဲ့။
ယောင်းဟိုလိုမျိုးထားသွားမှာစိုးလို့ပါဆိုတဲ့ ဒိုယောင်းရဲ့ကလေးရဲ့ဆန်ဆန်အကြောင်းပြချက်ကို ထယ်ယုံးကအံ့ဩစရာကောင်းလောက်အောင်ယုံကြည်ပေးခဲ့သည်။
ထယ်ယုံးက ညီလေးတစ်ယောက်လိုဆက်ဆံတိုင်း ဒိုယောင်းကပြန်ပြောတတ်တယ်
“ ငါ မင်းညီလေးမဖြစ်ချင်ဘူး ဟျောင်း ” တဲ့။

ယောင်းဟိုမရှိတော့တဲ့ဘဝမှာ နှစ်ယောက်သားနေသားတကျဖြစ်လာခဲ့ပြီးနောက်
ကျောင်းသွားတိုင်းတစ်ယောက်တစ်စီးစီးခဲ့တဲ့ စက်ဘီးလေးက
နှစ်ယောက်တစ်စီးဖြစ်သွားခဲ့သလို။
ယောင်းဟိုမှမရှိရင် တိတ်ဆိတ်နေတတ်တဲ့သူတို့ရဲ့ နေ့လည်စာထမင်းဝိုင်းလေးက စကားသံတို့ဆူညံနေတတ်ပြီး
အနေအေးပြီး စကားနည်းတဲ့ ဒိုယောင်းက ထယ်ယုံးနဲ့ရှိချိန်ဆိုစကားတွေအများကြီးပြောပြီး အများကြီးရယ်ပြုံးတတ်လာခဲ့သည်။

ထွက်သွားကာစတုန်းက ဒိုယောင်းကိုစိတ်မချလို့ဆိုပြီး နေ့တိုင်းဖုန်းခေါ်တတ်တဲ့ ယောင်းဟိုက ဒိုယောင်းအဆင်ပြေနေကြောင်းသေချာသွားတဲ့နောက်မှာ
အဆက်အသွယ်လုပ်တာနည်းသွားခဲ့ရသည်။
တစ်ပတ်တစ်ခါသုံးယောက်Facetimeပြောတဲ့အချိန်ကလွဲလို့ ကျန်တဲ့အချိန်မှာအဆက်အသွယ်မရှိသလောက်ပင်။

သုံးယောက်သားFacetimeပြောကြတိုင်း ယောင်းဟိုဆီကကြားရတဲ့စကားက သူမရှိမှဒိုယောင်းကအများကြီးပြောင်းလဲသွားပါတယ်ဆိုတဲ့ အကြောင်းပင်။ အဲ့အခါတိုင်း ဒိုယောင်းကမဟုတ်ကြောင်းငြင်းတတ်ပြီး ထယ်ယုံးက‌တော့ ဒိုယောင်းပြောင်းလဲသွားတာက သူတော်လို့ဖြစ်ကြောင်း ဒိုယောင်းကသူ့ကိုဘယ်လောက်ဂရုစိုက်ပေးကြောင်း ယောင်းဟိုမနာလိုဖြစ်အောင် တရှည်တလျားပြောပြတတ်သည်။
ဒိုယောင်းကအရင်ကထက် စကားပြောလာပြီး အရယ်အပြုံးလည်းများလာတယ်ဆိုပေမယ့်
သုံးယောက်ဆုံတဲ့အချိန်ဆို သူကနားထောင်သူသက်သက်။

Hopeless Romantic Where stories live. Discover now