6

94 7 0
                                    

“ မနေ့ညက စိတ်မထိန်းနိုင်ဘဲ မင်းကိုနမ်းခဲ့မိတယ် ဒိုအီ
ငါတော့သွားပြီလို့ထင်ခဲ့ပေမယ့် မင်းဘက်ကပြန်တုန့်ပြန်ပေးလို့
ငါဝမ်းသာလိုက်တာ။ ယောင်းဟိုပြောခဲ့သလို မင်းလည်းငါ့အပေါ်မှာ သူငယ်ချင်း‌ဆိုတာထက်ပိုနေခဲ့တာပဲ။
ငါပျော်လွန်းလို့မျက်ရည်ပါကျမိတယ်ဆိုတာယုံပါ ဒိုအီရယ်။
ဒါပေမယ့်... ဒါပေမယ့် ငါမေမေအကုန်မြင်သွားခဲ့တယ်
မေမေကငါ့ကိုစိတ်ဆိုးပြီးရိုက်လိုက်ရင်တောင် ငါခံသာဦးမှာ
ဒါပေမယ့် မေမေကအချိန်အကြာကြီးသူ့ကိုယ်သူအပြစ်တင်နေခဲ့တာ
သူငါ့ကိုသင်ပြတာမှားယွင်းသွားခဲ့တယ်‌‌ဆိုပြီးတော့လေ
ငါဘာဆက်လုပ်ရပါ့မလဲ ဒိုအီရယ် ”

.
.
.
“ မေမေနဲ့စကားမပြောဖြစ်တာ ၃ရက်ရှိပြီ။
ဒီ၃ရက်အတွင်း ငါရောမေမေရောမျက်နှာချင်းတောင် မဆိုင်ဖြစ်ခဲ့ဘူး။
ဒီအခြေအနေကြီးကိုမွန်းကြပ်လွန်းလို့ရူးတော့မှာပဲ
တကယ်ဘာဆက်လုပ်ရမှန်းမသိတော့ဘူး ”
.
.
.
“ ဒီနေ့ မေမေနဲ့ငါစကားပြောဖြစ်တယ်
မေမေကပြောတယ် ငါ့ကိုကနေဒါကအဒေါ်တွေဆီပို့ဖို့စီစဉ်ပြီးပြီတဲ့
နောက်နာရီဝက်နေရင် သွားရတော့မယ်တဲ့
မင်းကိုသွားနှုတ်ဆက်ပါရစေလို့ပြောတော့
ခွင့်ပြုပေးတာမို့ မင်းတို့အိမ်ဘက်ချက်ချင်းကူးခဲ့ပေမယ့်
မင်းကဆေးရုံမှာတဲ့
နောက်ဆုံးတော့လည်း နှုတ်ဆက်ခွင့်လေးတောင်မရဘဲ ထွက်သွားရတော့မယ်။
အချိန်အကြာကြီး ပျော်ရွှင်ပါစေ ငါ့အချစ်ဦးကင်မ်ဒိုအီရေ
ငါမရှိတော့တဲ့နောက်မှာလည်း ငါရှိနေတုန်းကလို အဆင်ပြေပါစေ ”

ဒိုင်ယာရီစာအုပ်ကိုအဆုံးထိဖတ်ပြီးတော့
ထယ်ယုံးကိုနင့်နင့်နဲနဲလွမ်းမိလာတဲ့ဒိုယောင်းက
အလွတ်ကျက်ထားပေမယ့် ဘယ်တုန်းကမှမဆက်ဖြစ်ခဲ့တဲ့ ထယ်ယုံးရဲ့ဖုန်းနံပါတ်ကိုနှိပ်ပြီး ဖုန်းဆက်ဖို့ကြိုးစားမိသည်။
တူ~~ခနဲဝင်သွားတဲ့ဖုန်းသံကြောင့် ဒိုယောင်းခန္ဓာကိုယ်တစ်ခုလုံး အေးစက်တောင့်တင်းသွားရသည်။
သို့ပေမယ့် ဖုန်းကကိုင်မယ့်သူမရှိဘဲ ဒီတိုင်းပြန်ကျသွားရသည်။
မနေနိုင်တဲ့အဆုံးပတ်စ်ပို့ယူကာလေဆိပ်ကိုထွက်ခဲ့လိုက်သည်။
သူထိုင်နေလို့ဘာထူးမှာတဲ့လည်း အနည်းဆုံးတော့သေချာအောင်သွားအတည်ပြုရမှာပေါ့။
ဆိုးလ်နဲ့ Vancouver 11နာရီကြာခရီးကိုနှင်ပြီးချိန်မှာတော့ ဒိုယောင်းYVR‌လေဆိပ်ကိုရောက်လာခဲ့သည်။
YVRရောက်မှ ဒိုယောင်းသတိထားမိတာက သူ့မှာထယ်ယုံးလိပ်စာရှိမနေပါ။
ဘယ်လိုရူးနှမ်းမှုမျိုးနဲ့များ သူဒီကိုပြေးလာမိခဲ့တာဖြစ်မလဲ။
အီထယ်ယုံးနဲ့ပတ်သက်တိုင်း သူ့ရဲ့ဆင်ခြင်တုံတရားတွေ ပျောက်ရှသွားရတာကို သူကိုယ်တိုင်လည်းသဘောမကျပေမယ့် ဘယ်သောအခါကမှထိန်းချုပ်လို့မရနိုင်ခဲ့။

Hopeless Romantic Where stories live. Discover now