5

103 10 0
                                    

ယောင်းဟိုထွက်သွားပြီး ခုနစ်နှစ်အကြာ

ဒိုယောင်းအထက်တန်းနောက်ဆုံးနှစ်မှာ ဒိုယောင်းဘဝအတွက်အကြီးအမားဆုံးအလှည့်အပြောင်းဖြစ်ခဲ့သည်။
မိဘများရုတ်တရက်ကွယ်လွန်သွားခြင်း။
မိဘတွေနဲ့ထယ်ယုံး၊ယောင်းဟိုတို့ပဲရှိခဲ့တဲ့ ဘဝထဲက
အားလုံးထွက်ခွာသွားတော့ ဒိုယောင်းမှာယောင်ချာချာဖြစ်လို့ကျန်ရစ်သည်။
မိဘတွေချန်ခဲ့တဲ့ အိမ်တစ်လုံးကြောင့် ဒိုယောင်းဘဝက အိုးမဲ့အိမ်မဲ့တော့ဖြစ်မလာခဲ့။

ဒိုယောင်းရဲ့အထက်တန်းကျောင်းသားဘဝ နောက်ဆုံးနှစ်က ခက်ခဲတယ်ဆိုတာထက် အများကြီးပိုခဲ့သည်။
ကျောင်းစာကိုမလစ်ဟင်းအောင်ကြိုးစားရင်း အချိန်ပိုင်းအလုပ်တွေလုပ်ရင်း အစားကိုနပ်မှန်အောင်မစားဖြစ်တဲ့နေ့ပေါင်းများစွာ
လုံးဝမအိပ်စက်ဖြစ်ခဲ့တဲ့ ညပေါင်းများစွာ။
ကျောင်းတစ်ဖက်နဲ့ အချိန်ပိုင်းအလုပ်တွေလုပ်ရင်း ပင်ပန်းတဲ့အချိန်တိုင်း ဒိုယောင်းသတိရမိတာက ထယ်ယုံးရဲ့ရင်ခွင်နွေးနွေး။
သူ့ကိုယ်သူလက်လျော့လိုက်ဖို့တွေးမိတိုင်း
ထယ်ယုံးရှိတဲ့ ကနေဒါကိုလိုက်သွားနိုင်ဖို့ဆိုတဲ့အသိတစ်ခုနဲ့ အသက်ဆက်ခဲ့ရသည်။
စာမေးပွဲတွေပြီးသွားတော့ ဒိုယောင်းအလုပ်ပိုလို့ကြိုးစားဖြစ်သည်။
ကနေဒါမှာနေနိုင်ဖို့ဆို ပိုက်ဆံများများလိုအပ်တယ်မဟုတ်ပါလား။

တက္ကသိုလ်ရောက်တဲ့အချိန်မှာတော့ ဒိုယောင်းအချိန်ပိုင်းအလုပ်တွေမလုပ်တော့ဘဲ
ဆရာတွေရဲ့အဆက်အသွယ်နဲ့ ဂိုက်သင်ပေးတဲ့အလုပ်ကိုစလုပ်ဖြစ်သည်။
အချိန်ပိုင်းအလုပ်လောက်မပင်ပန်းသလို ပိုက်ဆံလည်းပိုရတာကြောင့် ဒိုယောင်းဘဝကချောင်လည်လာခဲ့သည်။
ဂိုက်သင်ရင်းနဲ့မှ ဒုံဟျော့တို့မိသားစုနဲ့ပြန်လည်ဆုံဆည်းခဲ့ရတာဖြစ်သည်။

တက္ကသိုလ်ကျောင်းသားဘဝ တတိယနှစ်

ပြန်လည်တည်ငြိမ်စပြုလာတဲ့ ဒိုယောင်းရဲ့ဘဝကို ထပ်ပြီးဂယက်ထစေမယ့် ရေလှိုင်းလေးတစ်ခုက
တက္ကသိုလ် တတိယနှစ်မှာဖြစ်ပေါ်ခဲ့သည်။
စာတမ်းအတူလုပ်ဖို့ စီနီယာတစ်ယောက်ရဲ့အိမ်သွားရင်းက
စီနီယာရဲ့အိမ်က ထယ်ယုံးအရင်နေခဲ့တဲ့အိမ်ဖြစ်နေရာက အရာအားလုံးကစတင်ခဲ့ခြင်း။

Hopeless Romantic Where stories live. Discover now