အတန်းမှူးထွက်သွားမှာသာ မင်ဂယူးလည်း အသက်ရှူချောင်တော့သည်။ မင်ဂယူးက သင်္ချာမရ၍ သင်္ချာချိန်ကို အင်မတန်မုန်းသည် မဟုတ်လား။ မင်ဂယူးဘေးမှာ‌တော့ ဆောမြောင်ဟိုတစ်ယောက် မှောက်အိပ်နေပြန်သည်။ညအိပ်ချိန်ဆို ဘာတွေများလုပ်‌နေလို့ အတန်းထဲမှာ ဒီလောက် အိပ်သည်မသိ တစ်ခါတစ်ရံ ဆရာအတန်းထဲဝင်လာသည့်အချိန် အိပ်နေရာမှထလာလျှင် မျက်နှာတစ်ခြမ်းက အစင်းရာများဖြင့် နီရဲနေတတ်သည်။ စားပွဲပေါ်တင်ထားသည့် သူ့လက်ကို ကြည့်မိတော့ ...

လက်လေးက အတော်လှတာပဲ ။ ရှည်ရှည်သွယ်သွယ်နှင့် လက်သည်းခွံများကလည်း သန့်ရှင်းပြီး ကြည်လင်နေသည်။ ဆောမြောင်ဟိုက လက်သာမဟုတ် လူလဲ ပိန်ပိန်ရှည်ရှည်ဖြင့် ဆိုက်ဂိုက်ကလည်းများသေးသည်။ တကယ့်ကို ပိန်ပိန်သေးသေးလေး။ မင်ဂယူးကတော့ အားကစားသမားမို့ အရပ်လဲရှည် လူလဲထွားသည်‌ကြောင့် ဆောမြောင်ဟိုလို ပိန်ပိန်သေးသေး‌တွေကို တကယ် အားမရပါ။ စားပွဲပေါ်က ဆောမြောင်ဟို၏ လက်ကောက်ဝတ် သေးသေးလေးကို မင်ဂယူး သူ့လက်ကောက်ဝတ်ဖြင့် တိုင်းနေချိန်  တစ်ချက်လူးလွန့်လာသဖြင့် လန့်ပြီး သန့်စင်ခန်းသို့ သွားသလိုလိုနှင့် ပြေးတော့သည်။

ကျောင်းဆင်းခါနီးအချိန်တွင် အခန်းသန့်ရှင်းရေးလုပ်ကြရာ ယောက်ျားလေးတစ်သိုက်လုံး ပူညံပူညံဖြင့် ငြင်းခုန်နေကြသည်။ အကြောင်းရင်းမှာ သန့်စင်ခန်းကို ငါးယောက်တာဝန်ယူပြီး ဆေးသည့်အဖွဲ့ထဲ မ‌ရောက်ချင်သောကြောင့်။

နောက်ဆုံး  စာရွက်လိပ်ထဲ နံပါတ်ငါးလုံး စာလိပ်ငါးလိပ် ထည့်ရေးပြီး မဲနှိုက်လိုက်မှ ဂင်မင်ဂယူး ၊ လီရှင်းဂျူ ၊ ငမြွေထိုး ယန်းအီ ၊အဆင့်တစ် ကျောင်းသား ဒိုယောင်း နှင့် ဆောမြောင်ဟို  ငါးယောက်ထွက်လာပြီး ကိစ္စပြတ်တော့သည်။

သန့်စင်ခန်းထဲတွင် လီရှင်းဂျူနှင့် မင်ဂယူးက အိမ်သာခွက်များကို ရေတဗွမ်းဗွမ်းဆေးနေပြီး ဒိုယောင်းနှင့်ယန်းအီက ကြမ်းတိုက်နေကြသည်။ ဆောမြောင်ဟိုကတော့ ဘေစင်တွေဆေး မှန်တွေ လိုက်တိုက်နေသည်။ မင်ဂယူးတို့ လေးယောက်က သီချင်းတွေအော်ဆိုလိုက် တောင်ရောက်မြောက်ရောက် စကားပြောလိုက်ဖြင့် ဆောမြောင်ဟိုကတော့ နားကြပ်တပ်ပြီးသူလုပ်စရာ ရှိတာသာ လုပ်နေသည်။ အကုန်ပြီး၍ ပြန်ထွက်ချိန်တွင်လည်း ဆောမြောင်ဟို မပြီးနိုင်သေးပါ။  မှန်က ပြောင်လက်နေပြီကို ပြဒါးတွေပါ ခွာဖို့အထိတွေးနေသည်လားမသိ တိုက်နေသေးသည်မို့ အတန်းထဲပြန်ဝင်ဖို့ ပြောမည်အပြု ရုတ်တရက်လှည့်လာပြီး မင်ဂယူးရင်ဘတ်ကို ဝင်ဆောင့်မိလေသည်။ ကြမ်းတိုက်ထားသည်မို့ ကြမ်းပြင်တွင် ရေတွေချောနေသောကြောင့် ဖင်ထိုင်လျက် လဲကျကာ လက်ထဲက ရေပုံးကလည်း ဆောမြောင်ဟို ရင်ဘတ်ပေါ်တွင် စိုရွှဲကုန်ပြီး အထဲက အသားတွေပါ မြင်နေရသည်။ မင်ဂယူးလည်း ကပြာကယာဆွဲထူရသည် ။ ဘယ်လိုတောင် အားမရှိလို့ သူ့ကို ဝင်တိုက်ပြီး ချော်လဲရတာတုန်း။

All my attention is on you [ Complete ]Wo Geschichten leben. Entdecke jetzt