Chapter24(Unicode+Zawgyi)

Start from the beginning
                                    

'ဝေး..မင်းစောနကမသိဘူးလား..?ဟမ်...'

'...'

'မင်းတစ်ခုခုဖြစ်သွားရင်ဒီကောင်...ငါ..ဘာဖြစ်သွားမယ်ထင်လဲ..?ဒါတောင်ခဏလေး..မင်းကိုထားခဲ့တာ..ဒါကို...ခုခဏလေးအတွင်းမှာများ...'

'...'

'ကျစ်....ဝေး...မင်းငါ့ကိုရှိတယ်လို့တောင်ထင်ရဲ့လား...?ဟမ်..ငါ့မှာတော့မင်းကိုချစ်လိုက်ရတာ.....'

'.....ညာတယ်...'

'ဟမ်...မင်းစောနကဘာပြောလိုက်တယ်...'

'တကယ်ဆိုခင်ဗျားပျော်နေသင့်တာမဟုတ်လား...?'

'ဘာရယ်..!!'

'ခင်ဗျားကကျုပ်ကိုသေစေချင်တာလေ.....ကျုပ်ရောကျုပ်ဗိုက်ထဲကကလေးရောကို...အင့်...'

'ဝေး....'

'ဟင့်..အင့်....'

'ဝေးရာ..မောင်..မောင်....မောင်က...ဟာကွာ...'

ဝေးကငါ့ကြောင့်နဲ့ခုလိုသတ်သေဖို့ထိပါလုပ်ရတာလားကလေးရယ်......

'ဝုန်း...!!!'(နံရံကိုလက်သီးနဲ့ပြစ်ထိုးလိုက်ခြင်း....)

ဟုတ်သည်..ကျွန်တော့်ဒေါသတွေဝေးပေါ်ပုံမကျအောင်ကျွန်တော်နံရံကိုသာလက်သီးနှင့်ဆင့်ကာဆင့်ကာထိုးမိတော့သည်...

'မောင်ရင်..စိတ်ထိန်းလေ.....သားလေး...ဝေး....သားယောကျ်ားကိုပြောပါဦး....သားငယ်ပြောမှရမယ်ထင်တယ်....ပြောပါဦးသားရယ်...လက်မှာလဲသွေးတွေထွက်နေပြီ....'

'......'

'သားငယ်....သား.....တစ်ခုခုလုပ်ပါဦး...'

'......'

ဘေးကနေမေမြင့်ပြောနေပေမဲ့ကျွန်တော်သူ့ကိုသာငေးနေမိသည်...

သူ့လက်ကနေသွေးတွေတစိမ့်စိမ့်နဲ့ထွက်လာတာများလက်ကနေကြမ်းပေါ်ကိုတတောက်တောက်ကျလို့.....

မောင့်ကိုယ်ပေါ်ကကျတဲ့သွေးတစက်စီကဝေးနှလုံးသားကိုအစိမ်းလိုက်ခွဲနေသလိုဘဲ...မနေနိုင်တဲ့အဆုံးတော့....ကျွန်တော်လဲ....မောင့်ခါးကိုသာပြေးဖက်ပြီးမောင့်လက်တွေကိုနောက်ကနေဆုပ်ကိုင်ထားမိသည်...

'မောင့်......တော်ပါတော့.....'

'....'

'ဝေး....ဝေးတောင်းပန်ပါတယ်..ဝေးစကားတွေလွန်သွားမှန်းသိပါတဘ်..ဝေး...အင့်.....'

Love  or hateWhere stories live. Discover now