"ဒါဆိုဒီဖုန်းထဲကပုံတွေရှင်း"

ကိုကြီးကစိတ်ရှည်လက်ရှည်နဲ့အားလုံးကိုရှင်းပြရင်း ဟိုတယ်အခန်းရှေ့ကပုံနေရာရောက်တော့ဒါက

"အင်း ဆက်ပြောလေ"

"ဟာ နွယ်ပေါက်ကရရှောက်မတွေးနဲ့ကိုယ်ကအံ့ဩနေတာဒါရှယ်ယာရှင်တယောက်နဲ့တွေ့ဖို့အဲ့နေ့က
ချက်ချင်းထသွားရတာ ကိုယ်တို့၂ယောက်တည်း
မဟုတ်ဖူးတခြားသူတွေပါပါတယ်"

ဟုဆိုကာကိုကြီးကသူ့ဖုန်းထဲကအဲ့နေ့ကဓါတ်ပံုကိုပြသည်။နွယ်ကကိုကြီးရဲ့ဖုန်းထဲကပုံတွေကြည့်နေသလိုကိုကြီးကလဲနွယ့်ဖုန်းထဲက ပုံတွေစာတွေကိုဖတ်ရင်း

"ဒါဆိုကိုယ့်နောက်ကိုလူတယောက်တောက်
လျောက်ပါနေတာပေါ့"

"ရှင် ကိုကြီးဘာပြောတာလဲ"

"ခနလေးနွယ်ကိုယ် ကိုယ့်PÁ ဆီဖုန်းဆက်လိုက်မယ်ခနလေး    ဟလိုအေးမင်းကိုငါတခုခိုင်းမလို့Viberကနေငါပို့ထားတဲ့ဖုန်းပိုင်ရှင်ကိုသိချင်တယ်ပီးတော့ဒီနေ့ကစပီးငါဘယ်သွားသွားနောက်ကနေတယောက်လိုက်ခိုင်းပီးအထူးသဖြင့်ငါနဲ့ဒေါ်ယုယမိုးပုံတွေရိုက်တဲ့သူကိုငါသိချင်တယ်အေးစိတ်ချမယ်နော်ဒါပဲ"

"ကိုကြီးဘာတွေလဲ"

"ခုမှနွယ်လေးဖုန်းထဲကပုံအားလုံးကိုကြည့် ရင်း
အတွေးရတာတယောက်ယောကရည်ရွယ်ချက်ရှိရှိနဲ့ကိုကိုယ်တို့ရဲ့အိမ်ထောင်ရေးကိုပြသနာဖြစ်စေချင်လို့ကိုယုနဲ့ပုံတွေသေချာနွယ့်ဆီပို့တာ"

"တကယ်လို့ပို့တာကမယုဆိုကိုကြီးဘာလုပ်မလဲ"

"ကိုယ်တို့လင်မယားပြသနာခနခနတက်လွန်းလို့အစတည်းကတနှစ်စာချုပ်ပြည့်ရင်ဆက်မလုပ်တော့ဘူးလို့စီစဉ်ထားပီးသား သူသာဒီလိုလုပ်တယ်ဆိုချက်
ချင်းငွေလျော်ပီးအဆက်အဆံကိုမလုပ်တော့ဘူးကျေနပ်ပီလား "

"ဟုတ် အွန်း"

ရင်ခွင်ထဲကမျက်ရည်တွေနဲ့မော့ကြည့်လာတဲ့မျက်နှာလေးကိုနှစ်သိမ့်အနမ်းခြွေရင်းနဲနဲကြာတော့

"ဗိုက်ဆာနေပီ ကိုကြီး"

"ကိုကြီးကိုရောဘယ်တော့ကျွေးမှာလဲ"

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်Tempat cerita menjadi hidup. Temukan sekarang