အပိုင်း-၂၉
ဒေါက် ဒေါက် ဒေါက်
လက်ရုန်းတံခါးဖွင့်လိုက်တော့
"ကိုလက်ရုန်းနေကောင်းတယ်နော်"
"လာလာ ညီမတို့ဝင်ကြ နွယ်လေးကမနက်ထဲကမျော်နေတာ"
"အော်နန်းအလုပ်ကိတ်စမပီးလို့ နောက်ကျသွားတာ အကို ဆောရီး ကသစ်ရေ"
"ရော့ဒီမှာနင့်အကြိုက်မလိုင်ပေါက်စီရယ် မန်းလေးအထမ်းမြီးရှည်ရယ်ပါတယ် နင့်အတွက်မန်းလေးကနေဒီမနက်မှရောက်တာ ကိုလက်ရုန်းကောကြိုက်ရဲ့လားမသိဘူးကသစ်ကတော့အရမ်းကြိုက်တာ။ ဒါကပြင်ဦးလွင်မလိုင် ကသစ်အကြိုက်လေ"
နွယ်လေးသူငယ်ချင်းတွေကနွယ်လေးအကြိုက်တွေ
ဝယ်လာတာကောသူငယ်ချင်းတွေလာတာကောမလို့
နွယ်လေးပျော်နေရှာသည်။"ကိုကြီးစားချင်ပီ သူသူတို့ကိုခေါ်တော့"
"အိုကေပါဗျာ"
"လက်ရုန်းသူသူနဲ့နိုနိုကိုခေါ်ကာစားစရာများပြင်ခိုင်းကာ
"ညီမတို့အားမနာနဲ့နော်လွတ်လွတ်လပ်လပ်နေ"
ဟုဆိုကာအခန်းဒီဘက်ခြမ်းမှာမေးလ်ပို့ထားသည်များစစ်လိုက်နွယ်လိုတာထလုပ်ပေးလိုက်နှင့်အလုပ်
လုပ်နေလိုက်သည်။ခါတိုင်းနည်းနည်းတာစားသော
နွယ်လေးသည်ခုသူငယ်ချင်းများနှင့်မို့စားလိုက်ပြော
လိုက်နဲ့တော်တော်များများစားလို့လက်ရုန်းမှာဝမိးသာရသလိုအစာမကြေဖြစ်မှာစိုးလို့nurseတွေကိုမေးကာဆေးတိုက်ရသေးသည်။ နွယ်လေးသူငယ်ချင်းများကနေ့လည်၃နာရီလောက်ကျတော့ပြန်တော့မည်နှုတ်ဆက်တော့"ညီမတို့ကိုကျေးဇူးတင်လိုက်တာနွယ်လေးကခါတိုင်းမစားဘူးခုဒီနေ့တော်တော်စားတယ်ဒီလိုသာစားရင်သူ့လက်ကdripချိတ်တဲ့အပ်မြန်မြန်ဖြုတ်ရမှာ"
"သီရိတို့လဲအချိန်မရလို့အကိုမဟုတ်ရင်နေ့တိုင်းလာပါတယ်ကဲ ကသစ်တို့သွားပီ အကိုသီရိတို့သွားပီနော်"
အားလံုးပြန်သွားတော့သူသူနဲ့နိုနိုလဲအခန်းရှင်းပီးသူတို့အခန်းဘက်ပြန်မှနွယ်လေးလက်ဆန့်ကာကိုကြီးကိုဖက်ပီးချွဲတော့သည်။
YOU ARE READING
ကိုယ့်ရဲ့ပဲ့ကိုင်ရှင် နွယ်
Romanceဘုန်းလက်ရုန်း အချစ်ဦးရဲ့ထားခဲ့ခံရဖူးတဲ့စိတ်နဲ့နွယ်လေးကိုချစ်တဲ့ခံစားချက်ကိုဖော်မပြခဲ့ဘူးတဲ့အကျိုးဆက်ကဒီလောက်ဆိုးဝါးခဲ့မယ်လို့သိရင်ကိုယ်အစထဲကချစ်တာကိုဖော်ပြခဲ့ပါတယ်မဟုတ်ဘူးအခုကစချစ်ပြမယ်ဆိုရင်ရောကိုယ်နောက်မကျသေးဘူးမဟုတ်လားနွယ်လေး နွယ်ကသစ် ကိုယ်ငယ်ငယ်...