ကိုယ့်ရဲ့ပဲ့ကိုင်ရှင် နွယ်
အပိုင်း-၁၀
မွေးနေ့လာတဲ့လူများပြန်သွားကြပေမဲ့ယုမပြန်ပဲပေပီးဆက်ထိုင်နေသည်မို့ရုန်းမျက်နှာပျက်နေသည်ကိုမသိချင်ယောင်ဆောင်ပီးနေလိုက်သည်။ရုန်းအမေသည်ယုကိုနှိမ်သလောက်ဟိုခလေးမနွယ်လေးကိုသမီးသမီးဆိုပီးပါးစပ်ကမချသလိုဧည်သည်တွေပြန်လို့နှုတ်ဆက်တာတောင်ထိုခလေးမကိုဘေးနားမှာလက်လေးတွဲကာခေါ်သွားသည်။နောက်ဆုံးတဖွဲ့ဖြစ်သည့်ရုန်းမေမေရဲ့သူငယ်ချင်းတွေပြန်ဖို့နှုတ်ဆက်နေပီမို့အချိန်ကောင်းဟုယု ယူဆကာအနားသွားလိုက်သည်။ယုတွေးတာကရုန်းအမေကသူ့သူငယ်ချင်းများရှေ့တွင်ယုကရုန်းချစ်သူလို့ပြောရင်အလွယ်တကူလက်ခံလိမ့်မည်ဟုထင်သောကြောင့်ဖြစ်သည်။
"အန်တီ"
"အော် သမီးပြန်တော့မလို့လား "
"ဟုတ်ကဲ့အန်တီပီးတော့ပြောစရာလေးရှိလို့ပါ"ရုန်းမေမေကောဖေဖေသာမကနွယ်လေးနဲ့ရုန်းမေမေသူငယ်ချင်းများကပါယုကိုကြည့်လာကြသည်။ရုန်းကယုလက်ကိုဆွဲပီးမပြောရန်အချက်ပြသည်ကိုယုမသိချင်ယောင်ဆောင်ကာ
"ကျမကရုန်းချစ်သူပါလက်ထပ်ဖို့အထိရည်ရွယ်ထားပါတယ် နော်ရုန်းပြောလိုက်လေ"
ရုန်းမေမေကနဲနဲစိတ်ညစ်တဲ့ပုံစံနဲ့ရုန်းကိုကြည့်နေသည်။ရုန်းဖေဖေကတော့တအံ့တဩနဲ့
"သား မိန်းခလေးပြောတာဟုတ်လားဖေဖေတို့လဲဘာမှမသိရပါလား"
"ရုန်းပြောလေ"
"ဟုတ် ဟုတ်ပါတယ်"ရုန်းမေမေဆိုတာသူ့သားအဖြေရတာနဲ့လဲကျမလိုဖြစ်လို့နွယ်လေးနဲ့သူအဖေကတွဲလိုက်ရသည်။ယုကအနိုင်ရတဲ့အပြုံးနဲ့ကြည့်နေစဉ်
"သားကဒီမိန်းခလေးအကြောင်းဘယ်လောက်သိလို့လဲသူ့နောက်ကြောင်းကဘာဖြစ်ဖြစ်သားလက်ခံနိုင်လား"
"ယုကမချမ်းသာပေမဲ့တော်တဲ့မိန်းခလေးပါမေမေ လက်ခံပေးပါနော်""မေမေပြောတာငွေကြေးချမ်းသာတာမဟုတ်ဘူးသားသူရဲ့စာရိတ်တနဲ့သူ့မိသားစုရဲ့စာရိတ်တပိုင်းပြောတာ"
"ယုကိုသားယုံတယ်မေမေ"
"မေမေ့သားကမေမေကိုကောမယုံဘူးလားမေမေကတဖက်မိန်းခလေးရဲ့သိတ်ခါကိုငဲ့လို့မပြောတာခုပြောမှရမှာမို့ပြောမယ်မေမေဟိုတယ်မှာအန်တီသဲတို့နဲ့seafood ဘူဖေးသွားစားတဲ့နေ့က မင်းယံုကြည်တဲ့မင်းမိန်းခလေးကိုကောင်လေးတယောက်နဲ့အတူလာစားတာတွေ့တယ်"
YOU ARE READING
ကိုယ့်ရဲ့ပဲ့ကိုင်ရှင် နွယ်
Romanceဘုန်းလက်ရုန်း အချစ်ဦးရဲ့ထားခဲ့ခံရဖူးတဲ့စိတ်နဲ့နွယ်လေးကိုချစ်တဲ့ခံစားချက်ကိုဖော်မပြခဲ့ဘူးတဲ့အကျိုးဆက်ကဒီလောက်ဆိုးဝါးခဲ့မယ်လို့သိရင်ကိုယ်အစထဲကချစ်တာကိုဖော်ပြခဲ့ပါတယ်မဟုတ်ဘူးအခုကစချစ်ပြမယ်ဆိုရင်ရောကိုယ်နောက်မကျသေးဘူးမဟုတ်လားနွယ်လေး နွယ်ကသစ် ကိုယ်ငယ်ငယ်...