အပိုင်း-၃၁
ဆေးရုံသို့ ဇန်မင်းကားနှင့်သာပြန်လာလိုက်သည်။ကားပေါ်တွင်
"ဇန် မင်းကဘယ်လိုရောက်လာတာလဲ"
"မခြူးဖုန်းဆက်တယ် မင်းထွက်သွားတာတအား
စိတ်တိုနေပုံမို့လို့တဲ့ ငယ်လေးကစိတ်ပူနေလို့
လိုက်သွားပေးဆိုလို့မင်း PÁဆီဆက်ပီး လိုက်လာတာ မင်းငါရောက်လာလို့ဘာလို့စိတိကိုလွတ်လိုက်တာလဲ""ငါဟိုနေ့ထဲက နွယ်လေးဆေးခတ်ထားတဲ့အအေးသောက်ပီး အိပ်ယာပေါ်လူးနေတာတွေ့ထဲကလူ
သတ်ချင်နေတာ။ ခုယုလုပ်တာဆိုတော့ဘယ်လိုမှ
ထိန်းမရတော့တာ""အေးကွာ မိန်းမတွေစိတ်ကလဲနော် တော်တော်
ကြောက်စရာကောင်းတယ်"ဆေးရုံပြန်ရောက်လို့အခန်းထဲရောက်တာနဲ့နွယ်လေးက ကုတင်ပေါ်ကထမရတော့ လက်လေး၂ဖက်ဆန့်ကာ
"ကိုကြီး"ဆိုပီးခေါ်တာနဲ့လက်ရုန်း အပြေးလေးလူနာကု
တင်နားသွားကာရင်ခွင်ထဲဖက်ထားတော့နွယ်လေးကသမီးတွေမမြင်အောင်ငိုတော့သည်။လက်ရုန်းလဲသမီးတွေမကြားအောင်အသံတိုးတိုးနဲ"နွယ်လေး ကိုယ့်အချစ်မငိုနဲ့တော့နော်ကိုကြီးပြန်လာပီလေကွာတအားငိုနေရင်ပင်ပန်းတော့မယ်တိတ်နော်သမီးတွေမြင်ရင်စိတ်မကောင်းဖြစ်မယ်ခုတောင်
အသက် ကလှည့်လှည့်ကြည့်နေတယ်""မားမီဘာလို့ငိုတာလဲ"
ပြောနေရင်းအသက် ကငိုတော့မယ့်မျက်နှာလေးနဲ့မေးတော့အသဲပါပြေးလာပီး
"မားမီနာလို့လား"
"မဟုတ်ပါဘူး အသဲနဲ့အသက် မားမီက ဒယ်ဒီ့ကို သမီးတို့လိုချွဲနေတာ"
နွယ်ပြောမှပဲသမီး၂ယောက်မျက်နှာကာငိုတော့မယ့်အရိပ်ယောင်ပျောက်ပီးပြုံးလာတော့သည်။
နွယ်စိတ်မကောင်းစိတ်ညစ်ဖြစ်မှာဆိုးတာနဲ့သမီး၂ယောက်ကိုတနေကုန်ခေါ်ထားပီး ညနေစာ ကျွေးပီးမှသူ့အဖိုးနဲ့အဖွားလာကြိုမှပြန်လွတ်
ပေးလိုက်သည်။သမီးတွေပြန်မှ လက်ရုန်း နွယ့်နားကပ်ရတော့သည်။"ကိုကြီး"
"ဗျာ"
"ချစ်လိုက်တာဒီလူကြီးကို"
YOU ARE READING
ကိုယ့်ရဲ့ပဲ့ကိုင်ရှင် နွယ်
Romanceဘုန်းလက်ရုန်း အချစ်ဦးရဲ့ထားခဲ့ခံရဖူးတဲ့စိတ်နဲ့နွယ်လေးကိုချစ်တဲ့ခံစားချက်ကိုဖော်မပြခဲ့ဘူးတဲ့အကျိုးဆက်ကဒီလောက်ဆိုးဝါးခဲ့မယ်လို့သိရင်ကိုယ်အစထဲကချစ်တာကိုဖော်ပြခဲ့ပါတယ်မဟုတ်ဘူးအခုကစချစ်ပြမယ်ဆိုရင်ရောကိုယ်နောက်မကျသေးဘူးမဟုတ်လားနွယ်လေး နွယ်ကသစ် ကိုယ်ငယ်ငယ်...