Episode_20

454 15 0
                                    

Unicode
Episode_20

စေမာန်က ယောရဲ့အကြည့်တွေကို အနေရခက်စွာစပြီးအကြည့်လွဲသည်။

" လပြည့်လေးက မိုးရေချိုးနေတယ်....၊ မနက်ဖြန်ကစပြီး ကျောင်းတက်ရတော့မယ်မလား.... "

ယောက စေမာန်ရဲ့အမေးကိုဖြေရင်း စေမာန်အနားကိုတိုးကပ်လာသည်။

" ယောငယ်က သားကိုအရမ်းအလိုလိုက်နေတာပဲ...... "

" ကိုကိုကရော..... ကျွန်တော့်ကို အလိုမလိုက်ချင်ဘူးလား "

ကြမ်းခင်းမှာတပလ္လင်ချိတ်ထိုင်နေတဲ့စေမာန်ရဲ့ပေါင်ပေါ်ကို ယောကခေါင်းအုံးပြီးမေးသည်။

" ယောငယ်က ဘာလိုချင်လို့လဲ...၊ ငါဝယ်ပေးမယ်လေ..... "

စေမာန်က ကြမ်းခင်းပေါ်ကပိုက်ဆံတွေကိုအမြတ်နဲ့အရင်းသပ်သပ်စီခွဲကာ စာအုပ်ကြားထဲထည့်ပြီးသိမ်းထားလိုက်သည်။ စေမာန့်ရဲ့စာအုပ်ဆိုသည်မှာ စာရင်းမှတ်ဖို့မဟုတ်၊ ဒီတိုင်းပိုက်ဆံသိမ်းထားသည့်ဗလာစာအုပ်သပ်သပ်ချည်းသာဖြစ်သည်။

" အဲ့တာက ဝယ်ပေးရမှာမဟုတ်ဘူး...၊ ကိုကိုဘက်က လုပ်ပေးရမှာ....... "

" ဘာလုပ်ပေးရမှာလဲ.....၊ ပြောလေ.. "

သူ့ပေါင်ပေါ်မှာလှဲအိပ်နေသောယောငယ်၏ဆံသားပွပွလေးကိုပွတ်သပ်ပေးရင်း စေမာန်ကပြောသည်။

" ကိုကို့ဖုန်းပေး....! "

" ဟင်.. "

" ကျွန်တော်ဝယ်ပေးတဲ့ဖုန်း ပေးလို့ပြောတာ.... "

" အော်... ဒီမှာ..! "

စေမာန်က သူ့ခေါင်းအုံးနားမှာချထားတဲ့လက်ဆောင်ဘူးကို ပေးလိုက်သည်။ ယောက ဖုန်းကိုထုတ်ပြီးတစ်ခုခုကကိုလျင်မြန်စွာနှိပ်၍ ခဏအကြာမှာ စေမာန့်ကိုပေးလိုက်သည်။ စေမာန်က ယောပေးတဲ့ဖုန်းကိုယူကြည့်လိုက်တော့ မျက်လုံးပြူးသွားရသည်။

" ယောငယ်....!! ဒါကြီးက...! "

" ဘာလဲ....၊ တခါမှမကြည့်ဖူးဘူးလို့တော့မပြောနဲ့နော် "

" မဟုတ်.. မဟုတ်ပါဘူး၊ ဒါပေမဲ့ ငါ ကြည့်ဖူးတာက ဒီလိုကားမှမဟုတ်တာ.... "

" ဟာ...  ကိုကိုနဲ့ကျွန်တော်က ယောက်ျားလေးတွေလေ...၊ အဲ့တော့ ကြည့်မဲ့ကြည့် ဒါမျိုးကားပဲကြည့်ရမှာပေါ့ "

Strawberry and Secret [ Completed ]Where stories live. Discover now