Episode_18

400 13 0
                                    

Unicode
Episide_18

ယောနဲ့စေမာန်တို့က ဖိုးလပြည့်လေးကိုကျောင်းအပ်ပေးခဲ့သည်။ ရွာကျောင်းဟုဆိုသော်လည်း အထက်ထန်းအဆင့်ထိရှိတာမို့ ကျောင်းကတော်တော်လေးကျယ်ဝန်းသည်ဟုဆိုရမည်။ ဖိုးလပြည့်လေးကိုကျောင်းလာအပ်တဲ့အချိန်မှာ စေမာန့်ကိုအခြားကျောင်းသားမိဘတွေက ရွံရှာတဲ့အကြည့်၊ အထင်သေးတဲ့အကြည့်တွေနဲ့ကြည့်နေကြသည်ကို ယော သတိထားမိသည်။ စေမာန်ကလည်း ထိုအပြုအမူများကိုသတိထားမိ၍ သူ့နဂိုမျက်နှာထားထက်ပိုပြီးမာကျောခက်ထန်လာသည်။ ဖိုးလပြည့်လေးကတော့ ကျောင်းထဲကအခြားကလေးတွေကိုကြည့်ပြီး ကျောင်းတက်ရတော့မည်ဆိုသည့်အတွေးလေးနဲ့ပျော်နေရှာသည်။

" ဟဲ့..! အဲ့တာ...ဟိုအကောင် မဟုတ်လား "

" ဟုတ်တယ်.. ဟုတ်တယ် "

ယောနဲ့စေမာန်တို့နှစ်ယောက် ဖိုးလပြည့်လေးတက်ရမည့်အတန်းရဲ့အတန်းပိုင်ဆရာမထံမှာ ဖိုးလပြည့်လေးကိုစာရင်းပေးနေတုန်း ခပ်ဝေးဝေးက အခြားအတန်းပိုင်ဆရာမထံမှာစာရင်းပေးနေသည့်ကျောင်းသားမိဘနှစ်ယောက်ရဲ့အသံကိုကြားလိုက်သည်။

" အရှက်မရှိလိုက်တာအေ...၊ သူ့သားကို ဒီကျောင်းမှာလာထားတယ်ဆိုတော့ အခြားကလေးတွေအတွက်စိုးရိမ်စရာပဲ "

" ဟုတ်ပါ့...၊ သူ့ကလေးက သူ့လိုပုံစံပဲနေမှာပေါ့... "

" အေးဟယ်...၊ အရင်တုန်းကတော့ ပညာမတက်ပေမဲ့ ရိုးသားပြီးစိတ်ရင်းကောင်းတယ်ထင်နေတာ...၊ နောက်မှပဲ အဲ့အကောင်ရဲ့စရိုက်အမှန်တွေထွက်လာတော့တယ်... "

" သူ့မိန်းမကို ပြန်ရောင်းစားတဲ့အကောင်လေ... အကြွေးမပေးနိုင်လို့ဆိုလားပဲ...၊ ပြီးတော့ အဲ့အကောင်က ရုပ်ကလေးက သနားကမားနဲ့ သူ့မိန်းမရှိနေတာကို အခြားမကောင်းတဲ့မိန်းမတွေကို အိမ်ခဏခဏခေါ်တယ်လို့ ငါကြားတာပဲ...၊ တော်တော်ယုတ်ညံ့တဲ့အကောင်ပဲ "

" ဟုတ်တယ်...၊ ဟုတ်တယ်... အသက်မပြည့်သေးတဲ့ကလေးကိုတောင်မရှောင်ဘူးလေ...၊ အရမ်းရွံစရာကောင်းတာပဲ.... "

" အေး..... ငါတို့သားသမီးတွေကိုဆုံးမထားရအုံးမယ်၊ အဲ့အကောင်ရဲ့သားနဲ့ သွားမပေါင်းဖို့..... "

Strawberry and Secret [ Completed ]Where stories live. Discover now