Episode_8 ( 👹 )

1.2K 20 0
                                    

Unicode
Episode_8 ( 👹 )

[ ဤ ( Ep_8 ) ၌ မနှစ်မြို့ဖွယ်ရာလုပ်ရပ်များပါဝင်ပါသည်။ ထို့ကြောင့် နှလုံးမသန့်သူများနှင့်အတွေးများသူများ မဖတ်သင့်ပါ။ ]

ဒေါ်မိုးဒေဝီက သူမကိုရှေ့မှာထားပြီး ဘာမဟုတ်တဲ့ကောင်တစ်ယောက်ကိုလုနေကြတဲ့သူမ၏ယောက်ျားနဲ့သူမရဲ့ယောက္ခထီးကိုကြည့်ပြီး စိတ်ပျက်မိသည်။ ထို့အတူ ထိုကိစ္စကိုအစပျိုးပြီးအရှက်မရှိတဲ့စကားလုံးမျိုးတွေနဲ့ရယ်မောနေသည့်သူမရှေ့ကကောင်ကိုလည်းဒေါသထွက်မိသည်။ ထိုစဥ် သူမရဲ့ခန္ဓာကိုယ်က မူမမှန်မှုတစ်ခုကိုခံစားလိုက်ရသည်။ ထိုသည်က သူမရဲ့အကြောတွေအားလုံးဟာ ထုံထိုင်းလာခြင်းဖြစ်သည်။ ပထမဦးစွာသူမရဲ့ခြေထောက်တွေကို အထိတ်အလန့်နဲ့လှုကးပ်ရှားကြည့်သည်။ အကြောသေသွားသလိုလှုပ်၍မရတော့၊ ထို့အတူ သူမရဲ့လက်ချောင်းတွေဟာလည်း ဇွန်းခရင်းများကိုကိုင်ထားလျက်သား လှုပ်ရှား၍မရတော့၊ ထို့ကြောင့် သူမရဲ့မသိစိတ်ကလှုံံ့ဆော်မှုအရ သူမရဲ့ရှေ့မှာထိုင်နေသောခတယောဆိုတဲ့ကောင်ကို သူမ, စူးစူးစိုက်စိုက်ကြည့်လိုက်သည်။ ထို့နောက် သူမတို့စားနေတဲ့နေ့လည်စာကိုချက်ပြုတ်ခဲ့သည့်ထိုကောင့်ကို သူမ,က စစ်မေးဖို့ပြင်လိုက်သော်လည်း သူမရဲ့နှုတ်ခမ်းတွေနဲ့လျှာတွေဟာ ကျောက်ဆွဲချခံထားရသလိုထုံကျဥ်လေးလံနေပြီး သူမရဲ့ပါးစပ်ကနေ ဘာအသံမှထွက်မလာတော့ပေ။ သူမက ခတယောကိုဒေါသတကြီးနဲ့စိုက်ကြည့်နေတုန်းမှာပဲ ခတယောက သူမကိုပြန်စိုက်ကြည့်လာသည်။ ထို့နောက် သူမရဲ့ဖြစ်ပျက်နေသောပုံစံကိုတွေ့သည်နှင့် ခတယောက အေးစက်စက်အပြုံးတစ်ပွင့်ကိုပြုံးကာ ရုတ်တရက်ဆိုသလိုကျယ်ကျယ်လောင်လောင်ဖြင့်ရယ်မောသည်။

" ဟား.... ဟား....... ဟား......!! ပထမဆုံးကံထူးသွားတဲ့သူက ဒေါ်မိုးဒေဝီဖြစ်နေပါလား၊ ဟား.... ဟား.... ဟား.....!! "

" ဝူး.... ဝူ့.....! "

" မိုးဒေဝီ!! ဘာဖြစ်တာလဲ.....၊ ဘာဖြစ်လို့လဲ....!! အာ့! "

ခတယောက ဒေါ်မိုးဒေဝီကိုကြည့်ပြီးလှောင်ရယ်သည်။ ထိုအခါ ငြင်းခုန်နေကြတဲ့ဦးကောင်းထက်လှိုင်တို့သားအဖဟာ ဒေါ်မိုးဒေဝီကိုပြိုင်တူကြည့်သည်။ သူတို့တွေ့လိုက်ရတာက ဒေါသမျက်လုံးတွေနဲ့သူတို့ပြိုင်လုနေသောအလှလေးကိုတုတ်တုတ်မျှမလှုပ်ဘဲစိုက်ကြည့်နေသည့်ဒေါ်မိုးဒေဝီကြောင့် ထိတ်လန့်သွားသည်။ ဦးကောင်းထက်လှိုင်က ဒေါ်မိုးဒေဝီရဲ့ဒေါသတွေကိုအတင်းအဓမ္မထိန်းချုပ်ထားပုံပေါ်တဲ့ဒေါ်မိုးဒေဝီရဲ့အနားကို ထသွားဖို့ပြင်လိုက်သော်လည်း သူ့ခြေထောက်တွေဟာလှုပ်ရှားလို့မရတော့ဘဲ ကြမ်းပြင်ပေါ်ကိုခွေခေါက်၍လဲကျသွားသည်။

Strawberry and Secret [ Completed ]Unde poveștirile trăiesc. Descoperă acum