Episode_1

2.2K 50 0
                                    

Unicode
Episode_1

" သား ပြေးတော့ သွား ပြေးတော့ "

" ဟင့်အင်း သား မေမေ့ကိုမထားခဲ့ဘူး သားနဲ့အတူတူ သွားရအောင် "

ခြောက်နှစ်အရွယ်ကလေးငယ်တစ်ယောက်နှင့် မိန်းကလေးတစ်ဦးဟာ လရောင်မသာတဲ့ညတစ်ညရဲ့အလယ်၊ လေပြင်းတွေတိုက်နေသည့်ကြားမှ ပင်လယ်ကမ်းစပ်၏သောင်ခြေတစ်လျှောက်တွင် အသက်လုကာထွက်ပြေးနေကြသည်။ ကလေးငယ်ကို အတင်းတွန်းလွှတ်ပြီးထွက်ပြေးဖို့ပြောနေတဲ့ မိန်းကလေးမှာ တစ်ကိုယ်လုံးအနီရောင်သွေးတွေချင်းချင်းစိုရွဲနီရဲနေသည့်ဂါဝန်အဖြူတစ်စုံကိုဝတ်ဆင်ထားလျက် မျက်နှာတွင်လည်းဒဏ်ရာဒဏ်ချက်တွေနဲ့ဖြစ်သည်။ ကလေးငယ်က သူမအတင်းတွန်းလွှတ်နေသည့်ကြားကပင် သူမကိုဖက်တွယ်ထားကာ ထွက်ပြေးဖို့ကိုငြင်းဆန်နေသည်။

" သား မေမေ့စကားကိုနားထောင်နော် သား ပြေးတော့ သွား ပြေး "

" ဟင့်အင်း မသွားဘူး "

ထိုမိန်းကလေးဟာ ကလေးငယ်ကို သူမဆီကနေအတင်းတွန်းဖယ်နေသည့်ကြားမှ သူမ၏စိတ်ကို မငိုမိအောင်ထိန်းလျက် တုန်တုန်ယင်ယင်အသံဖြင့်ပြောသည်။ သို့သော် ထိုကလေးငယ်ကတော့ သူမနဲ့ဆန့်ကျင်စွာပင် အေးစက်စက်မတုံတတေးပုံစံဖြင့်ခေါင်းမာစွာ သူမကိုထားသွားဖို့လက်မခံကြောင်း အပြစ်ကင်းစင်လွန်းတဲ့ထိုကလေးငယ်၏မျက်လုံးထဲမှာမြင်နေရသည်။

" သား ခတယော မေမေ့ကို ကတိပေး...သား ဆက်ဆက်အသက်ရှင်ပါ့မယ်လို့ မေမေတို့ကို အခုလိုဖြစ်အောင်လုပ်ခဲ့တဲ့လူတွေကို မေမေတို့ခံစားရသလို သူတို့လည်းပြန်ခံစားစေရမယ်လို့ မေမေ့ကို ကတိပေးစမ်း "

" ဟုတ် သား ကတိပေးတယ် "

မိန်းကလေးက သူမ၏သားထံမှ ထိုစကားကိုကြားရတော့ ပြုံးသည်။ အညိုအမဲစွဲနေတဲ့ဒဏ်ရာတွေကြားက အပြုံးတစ်ပွင့်ဟာ တစ်စုံတစ်ခုကို စိတ်ချသွားဟန်အရိပ်အယောင်ဖြင့်ပြည့်နှက်နေသည်။

" သား ခတယော သားရဲ့ကတိကိုတည်ဖို့အတွက် သားအသက်ရှင်နေမှရမယ် အဲ့တော့ သား မေမေနဲ့အခုလိုနေနေရင် သားအသက်ရှင်ရမှာမဟုတ်ဘူး! သွားတော့... !! မင်းရဲ့ကတိကို မင်း တည်ရမယ် "

Strawberry and Secret [ Completed ]Where stories live. Discover now