Episode_19

552 17 0
                                    

Unicode
Episode_19

ယောရဲ့အပြုံးတွေက ပကတိရိုးရှင်းနေသည်၊ သို့မဟုတ် အဓိပ္ပါယ်မဲ့နေသလိုအကြည့်မျိုးဖြစ်သည်။ ထိုလူက ယောရဲ့ပုံစံကြောင့် ပိုပြီးမကျေမနပ်ဖြစ်ရသည်။

" ခင်ဗျားက မပေးနိုင်ဘူးဆို... ကျွန်တော်တို့ကလည်း မရောင်းနိုင်ပါဘူး....၊ ပြီးတော့ ဒီပန်းတွေက ခင်ဗျားမဝယ်လည်း အခြားဝယ်မဲ့သူတွေရှိပါတယ်.... ခင်ဗျားထက်ပိုတဲ့စျေးနဲ့ကိုပေးပြီးဝယ်မဲ့သူတွေရှိတာမို့ အဲ့ကိစ္စအတွက်စိတ်ပူစရာမလိုပါဘူး.... "

" တောက်စ်! လူပုံစံကိုကအခြောက်လိုလိုနဲ့ကောင်ကများ.....၊ မင်းနဲ့စေမာန်က ဘာတော်နေလို့ လိုက်ပြီးဝင်ပါနေတာလဲ.....၊ ဘာလဲ..? မင်းနဲ့အဲ့ကောင်က တိတ်တိတ်ပုန်းညားနေကြတာလား....... "

ထိုလူက ယောနဲ့စေမာန့်ကိုတစ်လှည့်စီကြည့်ပြီး ထေ့ငေါ့စွာလှောင်ရယ်သည်။ ထိုလူရဲ့စကားကြောင့် စေမာန်က ဒေါသထွက်သွားဟန် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်ကို ယော မြင်လိုက်သည်။ ယောကတော့ ထိုလူ့ရဲ့စကားကို နဂိုထက်ပိုပြီးပီပြင်သောအပြုံးနဲ့တုံ့ပြန်သည်။ သို့သော် ယခုတစ်ခါတွင်တော့ ယော၏အကြည့်တွေဟာ မရိုးရှင်းတော့ပေ၊ ထိုလူ့ကိုသနားစရာသတ္တဝါတစ်ကောင်ကဲ့သို့ကြည့်နေသောအကြည့်များဖြစ်သည်။

" ခင်ဗျားရဲ့ပါးစပ်က အရမ်းညှီနံ့နံတာပဲ.....၊ ခင်ဗျားပြောသလို ကျွန်တော်နဲ့ကိုကိုက ညားနေကြတာ..ဟုတ်တယ်၊ ဒါပေမဲ့ တိတ်တိတ်ပုန်းမဟုတ်ဘူး......၊ "

" ဟား..... ငါ ပြောသားပဲ၊ မင်းလို ကနွဲ့ကယျနဲ့ဖြူစုတ်စုတ်ကောင်က ဟိုကောင့်အောက်မှာ *_င်ခံမည့် အခြောက်ပဲဖြစ်ရမှာပေါ့၊ ဟား..... အဲ့တာကြောင့် မင်းရဲ့လင်ကိုထိလို့ မင်းက.. နာနေတာမလား ....ဟား..... "

ထိုလူက သူ့နောက်မှာရောက်နေတဲ့စေမာန့်ကိုသတိမထားမိဘဲ သူ့ရှေ့ကယောကိုသာ လှောင်ပြောင်၍ဟားတိုက်ကာရယ်မောနေသည်။ ထိုလူရဲ့အနောက်မှာရပ်နေတဲ့စေမာန်ကတော့ မျက်နှာပြင်တစ်ခုလုံးဒေါသကြောင့်နီရဲနေပြီး နားထင်ကြောများထိုးထောင်နေကာ ထိုလူရဲ့နောက်စေ့ကိုစူးရဲကာစိုက်ကြည့်နေသည်။ ထို့နောက် စေမာန်က ထိုလူ့ကို သူ့ဘက်မျက်နှာချင်းဆိုင်ဆွဲလှည့်ကာ လှောင်ရယ်နေတဲ့ထိုလူ့မျက်နှာကို လက်သီးနဲ့သုံးချက်တိတိ အင်္ကျီကော်လံစမှဆွဲ၍ အားပြင်းပြင်းနဲ့ထိုးလိုက်သည်။

Strawberry and Secret [ Completed ]Waar verhalen tot leven komen. Ontdek het nu