Episode_10 ( 👹 )

603 13 0
                                    

Unicode
Episode_10 ( 👹 )

[ ဤ ( Ep_10 ) ၌ မနှစ်မြို့ဖွယ်ရာလုပ်ရပ်များပါဝင်ပါသည်။ ထို့ကြောင့် နှလုံးမသန့်သူများနှင့်အတွေးများသူများ မဖတ်သင့်ပါ။ ]

" အုး....! အူး....!! ဝူး...!! "

ခတယောက မီးဖိုပေါ်ကရေနွေးအိုးကိုဆွဲယူသည်။ ထို့နောက် ကြောက်လန့်တကြားနဲ့သူ့ကိုဂဏာမငြိမ်သောမျက်လုံးတွေနဲ့လှမ်းကြည့်ပြီးအော်နေသည့်ဒေါ်မိုးဒေဝီအနားကိုသွားလိုက်သည်။

" ဒေါ်မိုးဒေဝီရဲ့မျက်နှာက ချွေးတွေနဲ့မို့... ကျွန်တော်က ရေနွေးနွေးလေးနဲ့မျက်နှာသစ်ပေးမယ်နော်....၊ အော် ဒါနဲ့ ခင်ဗျားရဲ့မျက်နှာလှလှလေးကို သူတို့တွေမြင်ရအောင်ကျွန်တော် ခုံလေးကိုနည်းနည်းရွေ့မယ်နော်.... "

ခတယောက ဒေါ်မိုးဒေဝီကိုချည်ထားတဲ့ထိုင်ခုံကိုတရွတ်တိုက်ဆွဲ၍ ဦးကျော်ခိုက်တို့နဲ့မျက်နှာချင်းဆိုင်တွင်ထားလိုက်သည်။

" ကဲ...! ခင်ဗျားတို့ရဲ့ချွေးမ၊ မိန်းမကို ကျွန်တော်က မျက်နှာသစ်ပေးတော့မယ်နော်၊ ခင်ဗျားတို့မျက်လုံးတွေကိုသေချာစိုက်ပြီးကြည့်နော်.....၊ "

" အုး....! ဝူး!!........  "

ပွက်ပွက်ဆူထားသောရေနွေးတွေကို ခတယောက ဒေါ်မိုးဒေဝီရဲ့ခေါင်းပေါ်ကနေ ဖြည်းဖြည်းချင်းလောင်းချလိုက်သည်။ အပူဒဏ်ကို ထုံကျင်နေသောဒေါ်မိုးဒေဝီရဲ့ခန္ဓာကိုယ်မှာ သိပ်မခံစားရသောအမျှင်လိုက်အထွေးလိုက်ကျွတ်ကျလာသောဆံပင်များနှင့် အပူဒဏ်ကြောင့်ကျတ်သွားသောအသားအဆရများဟာ စိတ်ချမ်းမြေုနိုင်ဖွယ်မရှိ၊ ထို့ပြင် မည်မျှပင်ထံကျင်နေအုန်းပါစေ၊ တင်းရင်းသွားသောအသားအရေတချို့က ပြတ်ရှရာမှားပေါ်လာပြီး အတွင်းထဲကအရေပြားဆဲလ်များအထိဝင်ရောက်သွားသောရေနွေးပူများကြောင့် ဒေါ်မိုးဒေဝီဟာ ရုပ်ပျက်ဆင်းပျက်ဖြင့် သူ့ရှေ့ကဦးကျော်ခိုင်တို့ကိုကြည့်ပြီး အော်ဟစ်အကူအညီတောင်းသည်။ သူတို့ရှေ့မှာ အသားအရေတွေကွာကျသွားပြီး သူတို့ကိုမျက်ဆံကြီးပြူးပြဲ၍အော်ဟစ်နေသောဒေါ်မိုးဒေဝီကိုကြည့်ပြီး ဦးကောင်းထက်လှိုင်နဲ့ဦးကျော်ခိုင်တို့မှာ ခံစားနေရတဲ့သူထက် စိတ်၏ငရဲကိုအဆပေါင်းများစွာခံစားရပြီး ကြောက်လန့်နေကြသည်။

Strawberry and Secret [ Completed ]Where stories live. Discover now