ကျွန်းပေါ်တွင် ( 17+ )

1.6K 95 14
                                    

Sophie ကုတင်ဘေးတွင် လူ10ယောက်မက ရှိနေသည် ။ ဆေးဘက်ဆိုင်ရာလူတွေ ပါပါရာဇီတွေရော သက်ဆိုင်ရာစုံထောက်များနှင့် ထိုလူတွေသည် Sophieအခုပြောမည့်အရာများကို မှတ်တမ်းရယူဖို့ရန်ပြင်ဆင်နေသည် ။

အဓိက Sophieရှင်းပြရမည့်သူက ဒီမျိုးရိုးကိုလက်ဆင့်ကမ်းမည့် Aiden Wilsom ကSophieနှင့်မျက်နှာချင်းဆိုင်အနေအထား မလှမ်းမကမ်းကခုံတွင်ထိုင်ကာ စိုက်ကြည့်လေ၏ ။

ထိုသူတွေအဆင့်သင့်ဖြစ်လောက်သော အနေအထားမှာ Sophieမျက်ဝန်းများကိုဖြည်းညှင်းစွာပိတ်လိုက်သည် ။

တကယ်က ထိုနေ့သာ အယောင်ဆောင်လက်ထက်ပွဲ မဟုတ်ဘဲ အစစ်မှန်သာဖြစ်ခဲ့ပါလျှင် Sophieအတွက် သိပ်လှသည့်အဆုံးအသတ်ဖြစ်လိပ်မည် ။

အဖြူရောင် ဂါဝန် အဖြူရောင် နှင်းဆီပန်းများ လူတွေရဲ့အသိမှတ်ပြုလက်ခုပ်သံများ နူးညံ့သည့် တေးသံများ အရာအားလုံးကလှပသက်ဝင်ခဲ့သည် ။

ထိုလူနဲ့အတူရှိနေရင်ပေါ့..

နီညိုရောင်ဆံသားဂုတ်ထောက်သည် မတက်ခြင်တဲ့ပွဲမို့ သာမာန်ကလျံကာဖီးလှိမ်းထား၍ နီစွေးသောနုတ်ခမ်းများက ပွဲမှာတစ်ခါတောင်မပြုံးခဲ့ရှာ လူတိုင်းအမြင်မှာခန်းနားသည်ဟုထင်သည့် ထိုနေ့က သတို့သားဝတ်စုံသည် သူ၏သာမာန်ဝတ်စုံထက်မပို သူဝတ်ထားလို့သာကြည့်ကောင်းနေခဲ့ခြင်းဖြစ်သည် ။ စတွေ့ထဲက ရူးခဲ့မိလေသော မျက်ဝန်းများက Sophieနှင့်တစ်ခါလား အကြည့်ခြင်းစုံခဲ့သည့် အတုယောင် လက်ထက်ပွဲမှာ Sophieဘဝတွင်သေရာပါအမှတ်တရများစွဲထင်နေမည် ။

Sophieထိုလူ့ကို စတွေ့ထဲကချစ်တာပင် ။

Sophieခံစားချက်တွေအသေချာမပြောပြလိုက်ရခင် ဒီလိုအဖြစ်ဆိုးဖြစ်လေကာ အနဲဆုံးတော့ Sophieထိုလူနှင့် သေတူရှင်မကွာ နောက်ဆုံးအထိဘေးမှာနေခဲ့သည် ။

ထိုနေ့...

" Sophie..Sophie... "

အသံမှာတိုးရှစွာ ထိုင်မိုင်းနေသောခနွာနှင့် မျက်လုံးအား အားတင်းစွာဖွင့်ကြည့်လိုက်သည် ။

ဟင်..

Sophieခနွာကိုယ်မှာ ချောက်ထဲကျရောက်နေသော်လဲ Sophieလက်တစ်ဖက်အား ထိုလူသည်ကျစ်ကျစ်ပါအောင်မလွှတ်တမ်းကိုင်စွဲထားသည် ။

ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ] Where stories live. Discover now