လူအုပ်ထဲမှ အသက်၅၀အရွယ်ရှိ အမျိုးသမီးတစ်ဦး ထွက်လာကာ သူ့အား သစ္စာမရှိသူဟူ၍ ဝေဖန်ရင်း 'မိဘအားလုံးက မှန်သည်'ဟု ဆိုလာသည်။ သူ့အနေဖြင့် မော့ရှစ်ဟုန်ကိုနားလည်ရန် ကြိုးစားသင့်ပြီး တရားမစွဲသင့်ကြောင်း ပြော၏။ သို့ပေသိ မော့တိက ယနေ့တွင် စိတ်အခြေအနေကောင်းမွန်နေလေရာ သူမကြောင့် သနားစရာ သိပ်ကောင်းမနေပေ။ သူက စိတ်ထဲမှနေ၍ လှောင်ပြုံးပြုံးကာ အလယ်အလတ်လေသံဖြင့် သူမအား ကောလိပ်ဝင်ခွင့်စာမေးပွဲပြဿနာအကြောင်း ရှင်းပြလိုက်သည်။ မော့ရှစ်ဟုန်က ရာဇဝတ်တစ်ခုအား ကျူးလွန်ခဲ့၍ တရားစွဲခံရခြင်းဖြစ်ရာ မည်သို့မှ လုပ်၍မရနိုင်ပါချေ။

 

သူရှင်းပြ၍ပြီးသောအခါ အဖွားအိုတစ်ဦးက ထိုအမျိုးသမီးကို ပြန်ဆွဲခေါ်ကာ ထိုသို့စိတ်ပျက်စရာ ဆိုးရွားလွန်းသူကို မတွေ့ဖူးကြောင်း ဆိုလေ၏။

ဤသို့သော တိရစ္ဆာန်ကောင်တွင် မိဘရှိဖို့ရာ မထိုက်တန်ကြောင်းပြောသည်။ အနားရှိ မိန်းမငယ်လေးများစွာက သူတို့သဘောမတူကြောင်း ထုတ်ပြလာကာ ထိုသို့သော လူ့အညစ်အကြေးကို ပြစ်ဒဏ်ပြင်းပြင်းထန်ထန်ချမှတ်သင့်ကြောင်း ဆိုကြလေသည်။

ဖြတ်လျှောက်များက သူ့ကို မည်သို့ထောက်ခံကြသည်အား မြင်ပြီးနောက် မော့တိ၏စိတ်အခြေအနေကောင်းလေးမှာ ဖျက်ဆီးမခံလိုက်ရပေ။

သူ့ဘေးရှိ မုထျန်းဟန်က သူ့ဆံပင်တို့အား ပွတ်သပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ဒီနေရာက ဝယ်သူတွေက အမြင်ကောင်းရှိတာပဲ၊ တကယ့်ကို ဆိုင်ကောင်းတစ်ခုပဲနော်"

မော့တိချက်ချင်းဆိုသလို ရယ်မောသွားရသည်။ ဤသည်မှာ ဆိုင်တစ်ခုကောင်းမကောင်းအပေါ် မည်သို့ဆုံးဖြတ်သည်အား ပထမဆုံးအကြိမ် ကြားလိုက်ရခြင်းဖြစ်၏။

ဘာကြောင့်များ သူမုထျန်းဟန်နှင့် အချိန်ပိူဖြုန်းလေလေ မုထျန်းဟန်က ယုံကြည်ရကာ တည်ငြိမ်၊ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိရုံမျှမက အတော်လေးစိတ်ဝင်စားစရာကောင်းပြီး ချစ်ဖို့ကောင်းသည်ဟု ခံစားရလေလေဖြစ်လာရသည်လဲ။

ပြန်လည်မွေးဖွားလာသော အမြောက်စာဇာတ်ကောင်Where stories live. Discover now