ကျွန်းပေါ်တွင် ( Fragments )

Start from the beginning
                                    

ထို့ကြောင့် ဘာမှထပ်မပြောတော့ဘဲ အခန်းထဲပြန်လာလိုက်သည် ။ မိုးသားသည် မင်းသစ်အတွက်စားဖို့တစ်ခုခုသွားဝယ်ဖို့ ထွက်သွားခဲ့ပုံရသည် ။ မင်းသစ်အိပ်ယာပေါ်ထိုင်လိုက်သည်နှင့် မင်းသစ်လက်ထဲသူဝယ်လာသည့်မုန့်ထည့်ပေးသည် ။

မိုးသား - အရင်စားလိုက်..

မင်းသစ် - Boss..ဘယ်မှာလဲ..

သူဖြစ်စေခြင်တဲ့အတိုင်းမဟုတ်ဘဲ ကိုယ်သိခြင်တာအရင်မေးလိုက်ခြင်းကြောင့် မိုးသားသက်ပျင်းဖျော့ဖျော့ချသံကြားရသည် ။

မိုးသား - အရင်ဆုံးငါဒီကိုဘာလို့ရောက်လာရလဲဆိုတာ စပြောမယ်... လုပ်ကြံမှုပြီးတော့ Bossရဲ့အတွင်းရေးမှုး Ms.Juneကမင်းကိုပြုစုဖို့ဒီကိုညတွင်းချင်းလေယာဥ်နဲ့ခေါ်လိုက်တာ..

မင်းသစ် - ဒါဆို.. မင်းရောက်ရောက်ခြင်း Bossသီတင်းဘာများကြားသေးလဲ .. ဒီအဆောက်ဦးထဲမှာပဲရှိတည်မလား..

ဖြေသည်ကိုမစောင့်နိုင်ရှာ တန်း၍မေးမိသည် ။

မိုးသားသည် မင်းသစ်အား ဝမ်းနည်းသည့်မျက်လုံးဖြင့်စိုက်ကြည့်ပြလျှင် မင်းသစ်ပုခုံးအားလက်2ဖက်ဖွင့်ဖွဖွကိုင်ကာ...

မိုးသား - ငါသိရသလောက်.. လူကြီးပိုင်း 5ဦးရှိတဲ့အထဲ Sirဦးလေးဖြစ်သူ နဲ့ Bossရဲ့ ဘဏာစိုး တို့2ဦးက​နေရာတင်သေဆုံးပြီး အသက်လုနေရတာ2ဦး အဲ့ဒါကတော့ Ms.Sophieနဲ့Sirပဲ.. ကျန်တဲ့တစ်ဦးကတော့ ...

မင်းသစ်အသက်မရှုနိုင်တော့... Bossကဘာဖြစ်တာလဲ ။ သေဆုံးထဲမှာမပါတော့ အသက်ရှင်ခဲ့တယ်လား ။

မိုးသား - Bossကတော့... အခုထိ..ဘာသီတင်းမှမကြားရသေးဘူး ...

" ဟင် "

မိုးသား - ငါကြားတာတော့ ဗုံးပေါက်ပြီး အဆောက်အဦးပြိုကျတာကနေ Bossနဲ့Ms.Sophieက ချောက်ကြီးရှိတဲ့ဘက်ကိုကျတယ်တဲ့..

" မဟုတ်တာ.. "

မိုးသား - ဘာပဲပြောပြောကွာ... မတော်လို့များ တစ်ခုခုဆို အဲ့ချောက်အနက်ကြီးစီကနေ အကြွင်းအကျန်ပေါ်လာပေါ့ကွ အခုဟာကဘယ်လောက်ရှာရှာဘာမှမတွေ့မှတော့ Bossတစ်နေရာရာမှာရှိနေလောက်ပါတယ်..

ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ] Where stories live. Discover now