ကျွန်းပေါ်တွင် ( Fragments )

Start from the beginning
                                    

အခန်းတွေကတော့ ဘယ်ညာအများကြီးရှိပြီး အချို့လူနာပုံတွေကမင်းသစ်အတွက်သွေးပျက်ဖွယ်ပင် ။

ထိုကြောင့် ခပ်သွက်သွက်လျှောက်လာခဲ့ပြီးနောက်မှာ အခန်းတစ်ခုရှေ့ကအဖြတ် ထိုအခန်းထဲကမိန်းမတစ်ယောက်အော်သံသည် တံခါးပိတ်ထားသည့်အခန်းပြင်ကတောင်ကျယ်လောင်စွာကြားရသည် ။

ထိုအခန်းအားမင်းသစ်ကြည့်နေတုန်းမှာ တံခါးကပွင့်လာပြီး nurseတစ်ယောက်ခပ်သုပ်သုပ်ထွက်သွားတော့ တံခါးအားပြန်လှည့်မပိတ်သည်နှင့် ထိုလူနာမိန်းမကဘယ်သူဆိုတာ မင်းသစ်မြင်လိုက်ရသည် ။

မင်းသစ် - Soph..ie..

မင်းသစ်ခြောက်ခြားစွာ အခန်းရှေ့တွင်ကြောင်၍ကြည့်နေမိသည် ။

Sophie၏ခြေတစ်ချောင်းမှာ ပေါင်အရင်းလောက်ကစ၍ ဖြတ်ထားရပြီး မျက်နှာတစ်ခြမ်းကပတ်တီးအပြည့်စီးကာ အခြေနေအားမနဲဖြတ်ကျော်နေရခြင်းကြောင့် နာကျင်လွန်း၍ပင်လား ဆရာဝန်ချည်း4,5ယောက် သူမအခြေနေအားတည်ငြိမ်အောင်ပြုလုပ်နေကြရသည် ။

"" ဘာ..ဘာလို့...ms.Sophieကဒီလိုပုံလဲ ခေါင်မိုးပေါ်မှာထဲကပစ်သတ်ခံရလို့သေဆုံးသွားတာမဟုတ်ဘူးလား... ဘာလို့ခြေ..ခြေထောက်တစ်ဖက်ကမရှိတော့တာလဲ...Bossကရော..ဘယ်မှာလဲ.. ""

ဖြစ်ရပ်တွေအားမြင်တွေ့ဖို့ လက်ရှိမင်းသစ်မှာ အားအင်တွေမရှိ ။ ခြေထောက်များ တစ်ဆက်ဆက်တုန်ကာ ပြိုကျခါနီး...

မိုးသား - မင်းသစ်..

ရင်းနီးစွာခေါ်သံနှင့်အတူ မင်းသစ်ခနွာကိုယ်အားလဲကျမသွားအောင်ဖမ်းထိန်းပေးလိုက်တာကြောင့် မင်းသစ် မိုးသားအားမေ့ကြည့်လိုက်သည် ။

မိုးသား - ဘာလို့ဒီအခြေနေနဲ့ဒီအထိရောက်လာတာလဲ... လာ..မင်းအခန်းမင်းပြန်ရမယ်..

မင်းသစ် - မင်းကဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ..

မိုးသား - လာပါ..အခန်းအရင်ပြန်ရအောင် ပြီးမှအကုန်ပြောပြမယ်..

မင်းသစ်ခနွာကိုယ်အားအတင်းဆွဲသည် ။ ဒီနေရာကနေထွက်လာစေခြင်သည့်ပုံပါ ။ မိုးသားမျက်နှာဖျော့တော့နေသည် ပင်ပန်းလွန်း၍လား စိတ်ဓာတ်ကျနေလို့ပေလား ။

ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ] Where stories live. Discover now