ကျွန်းပေါ်တွင် ( Fragments )

1.2K 95 21
                                    

မျက်လုံးဖွင့်လျှင်ပင် တန်း၍မြင်ရသည်က LEDမီးလုံးကြီးများ သို့သော်မီးဖွင့်မထား ။ ညရောက်နေပါရက်နှင့် ဒီလိုအခန်းအမှောင်ချထားခြင်းက တွေးလျှင်ထူးဆန်းသည် ။

မင်းသစ်မျက်လုံးအားခဏပြန်မှေးကာ ဖြစ်ခဲ့သမျှကို ပြန်တွေးယူရသည် ။ အိမ်မက်တွေလား ဖြစ်ရပ်မှန်လား ဦးနှောက်ထဲထပ်ကာထပ်ကာအတည်ပြုပြီးသော် သေချာသည် ငါနောက်ဆုံးဆေးရုံပေါ်ရောက်သွားခဲ့တာပင် ။

သို့သော် အခုမြင်နေရသည်က ခန်းနားသည့်အိပ်ခန်းတစ်ခန်း ။ ဘာမှသိပ်တွေးချိန်မရလိုက် ခေါင်းထဲအတင်းတိုးဝင်လာသည့် သူ့ပုံရိပ် ။

မင်းသစ် - Boss..

အသံကထင်သလောက်ထွက်မလာပါ ။ ဘယ်လောက်တောင်ခနွာကိုယ်ကရှော့ရသွားလဲမသိ ။ မင်းသစ်ကုတင်ပေါ်ကထသည် ။ ဆေးထိုးအပ်တန်းလန်းဖြစ်နေသော လက်ဖျံကအပ်တွေကိုဖြုတ်သည် ။

ဘေးစားပွဲပေါ်တင်ထားသော နေ့စွဲက June14
ဒါဆို မင်းသစ်5ရက်တောင်သတိလစ်နေခဲ့တာပင် ။

" Bossကိုတွေ့ခြင်တယ်.. "

ဒီအတွေးကြောင့်ပဲ ယခုမိမိခနွာအခြေအနေကိုမေ့သွားသည် ။ လမ်းလျှောက်ရတာအားမရှိပါ ဟိုနံရံမှီ ဒီနံရံမှီသွားရင်း တံခါးအား အားသုံးဖွင့်လိုက်သည့်အခါ Nurseမများ ဆရာဝန်များ သွားလာနေတာကိုတွေ့ရသည် ။

ထို့ကြောင့် အခြေအနေကိုကြည့်ရာ မင်းသစ်ဆေးရုံပေါ်မှာပဲရှိသေးသည် ။ သို့သော် တစ်စုံတစ်ဦးသာပိုင်သည့်ဆေးရုံပုံစံမျိုး ။

လူနာများသိပ်ရှုပ်ပုံမပေါ်သော်လည်း ထိုနေ့ကမင်းသစ်တွေ့ခဲ့သော တပ်သားဝတ်စုံများနှင့်လူများ ထိခိုက်ဒဏ်ရာအပြင်းအထန်မို့ ဆရာဝန်များယခုထိအသက်လုနေရသေးသည် ။

ဒါကြောင့် သူတို့အာရုံနဲ့သူတို့မို့ မင်းသစ်အခန်းထဲကထွက်လာသည်ကိုမမြင်ကြ ။ ဒါနဲ့ပဲမင်းသစ်က ဒီဆေးရုံသည်Wilsomမျိုးရိုးပိုင်သည့်နေရာတစ်ခုဖြစ်ခဲ့လျှင် Bossကျိန်းသေဒီအဆောက်ဦးကြီးထဲပင် ဆေးကုသမှုခံယူနေလိပ်မည် ။

nurseတွေကိုBossတည်နေရာမေးရာတွင်လဲ Englishလိုမတက်လေသည်မို့ ကိုယ့်ဘာသာရှာရန်ဆုံးဖြတ်၍ စကြ်ာအတိုင်းလျှောက်လာခဲ့သည် ။

ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ] Where stories live. Discover now