“ကျွန်တော် မပြန်ဘူး!”
“သူတို့က ကျွန်တော့်ကို မကြိုက်ဘူး။ ငယ်ငယ်ကတည်းက သူတို့က ကျွန်တော့်ကို မကြိုက်ဘူး၊ ကျွန်တော့်ကို ကြိမ်ဖန်များစွာ ဆဲဆိုကြိမ်းမောင်းတယ်။ တစ်နေ့တော့ သူတို့ ကျွန်တော့်ကို ချစ်လာလိမ့်မယ်လို့ စိတ်ကူးယဉ်ခဲ့ဖူးပေမယ့် အခုတော့ မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော်သိပါပြီ"
မော့တိက သူ့မျက်လုံးတွေကို လက်နှစ်ဖက်နှင့် သုတ်လိုက်သည်။
"အခုတော့ ကျွန်တော်မေးခွန်းတွေဝယ်ပြီး လှည့်စားခဲ့ကြတယ်လို့ သူတို့ အခိုင်အမာ ယုံကြည်နေကြပြီ။ ကျွန်တော်မလုပ်ခဲ့တာကို ဝန်ခံစေချင်နေကြတယ်၊ ထောင်ထဲရောက်စေချင်နေကြတယ်။ ဒီလိုမိသားစုမျိုး မလိုချင်တော့ဘူး။ သူတို့က ကျွန်တော့်မိသားစုမဟုတ်ဘူး"
မုထျန်းဟန်က သူနှလုံးအိမ်ထံမှ နာကျင်ကိုက်ခဲမှုကို ခံစားလိုက်ရပြီး မော့တိကို သူ့ရင်ခွင်ထဲတွင် ထည့်၍ နှစ်သိမ့်ပေးရန်ဆန္ဒရှိသော်လည်း နောက်ဆုံးတွင် သူသည် မော့တိ၏ ပုခုံးကိုသာ အသာအယာ ဆုပ်ကိုင်လိုက်သည်။
“ကိုယ် သိပြီ”
"ကိုကို၊ အင်တာနက်ပေါ်ကလူတွေ ကျွန်တော့်ကိုဝေဖန်နေကြပြီလို့ထင်လား"
မော့တိက ခေါင်းကို ဆတ်ခနဲ မော့ကာ မုထျန်းဟန် ကို ကြောက်လန့်တကြား ကြည့်လိုက်သည်။
"ရဲတွေက ကျွန်တော့်ကို ဖမ်းဖို့ လာနေပြီလား။"
မုထျန်းဟန် စကားပြောသည်ကို မစောင့်ဘဲ မော့တိက ဆက်ပြောလေသည်။
“ကျွန်တော် စာမေးပွဲ အတွက် ကြိုးစား လေ့လာခဲ့တာ၊ အဲဒါက ကျွန်တော့်ရဲ့ ကြိုးစားမှု ။အားထုတ်မှုကြောင့်ပါ အဲဒီလူကို ကျွန်တော် တခါမှ မတွေ့ဖူးဘူး၊ မမြင်ဖူးပါဘူး”
မော့တိသည် စကားပြောရင်းနှင့် ရပ်လိုက်ပြီး အံ့အားသင့်ပုံပေါက်နေခဲ့သည်။ ငါးစက္ကန့်ခြောက်စက္ကန့်မျှကြာပြီးနောက် သူသည် မုထျန်းဟန်ကို လှည့်ကြည့်လိုက်သည်။
"ကိုကို၊ ကျွန်တော် အရင်က ကြည့်ရတာ ကျမ်းခွမ်းချန်ဆိုတဲ့လူနဲ့ တွေ့ဖူးပုံရတယ်။"
Part-33
Start from the beginning