13

138 17 8
                                    

" ဂျောင်ဂု..... ငါ ငါ့မှာ..... "
" ပြောလေ ဘာဖြစ်သလဲ.... "
အတုန်တုန်အယင်ယင်ဖြစ်‌နေသော သူမက စိုးရွံနေဟန်ရှိသည်.....
ဂျောင်ဂုသည်ပင် စိုးရိမ်လာရ၏။
" ပြောလေ ဟာအွန်း မင်းဘာဖြစ်တာလဲ..... ဘာဖြစ်လို့..... "
" ငါ ငါ့မှာ..... ကိုယ်၀န် ကိုယ်၀န်...... "
မပီမသစကားသံနှင့်အတူ သူမပုခုံးပေါ်တင်ထားသော ဂျောင်ဂုလက်များသည်လည်း ပြေလျော့သွား၏။
ရင်ထဲမှလည်း တစ်မျိုးတစ်မည်ခံစားလာရသည်......
ချစ်သူလေ သူတို့နှစ်ယောက်က....
ဒါကို သူက ဘယ်သူနဲ့ကိုယ်၀န်......








" ငါ တောင်းပန်ပါတယ် ဂျောင်ဂု...... ငါ ငါ နင့်ကို မချစ်ဘူး.....ပီးတော့ ဒီကိစ္စကလည်း..... "
ရှင်းပြနေသော သူမစကားများအား ကြားတစ်ချက်မကြားတစ်ချက်နှင့် ဂျောင်ဂု ထိုင်ချပစ်လိုက်သည်......
" မင်းထွက်သွားလိုက်တော့ ဟာအွန်း..... "
တစ်ခွန်းတည်းသော စကားသာ သူပြောဖြစ်ခဲ့၏။
လောလောဆယ်တော့ သူ့အတွက် အချိန်လိုသည်ပဲ......










မက်ဂျူပုလင်းခွံများနှင့် ထိုင်သောက်နေသော ဂျောင်ဂု.....
ဟျောင်းက စိတ်ပူပူဖြင့် ဖုန်းဆက်သော်လည်း သူအဆင်ပြေသည်ဟုသာ လိမ်ခဲ့သည်......
ပီးတော့ ဟာအွန်းအကြောင်းလည်း‌ပြောသေးရဲ့.....
ညနေတည်းက ငိုပီး အိမ်ရောက်နေသတဲ့......
အကိုဖြစ်သူတို့၏ အကျင့်အတိုင်း ဆူဆူပူပူပြောချင်သေးသည်မို့ ဖုန်းသာ အမြန်ချပစ်လိုက်ရသည်.....
တစ်၀က်ကျန်သော မက်ဂျူအား မော့သောက်ရင်း သူနှင့်ဟာအွန်းအကြောင်း စဉ်းစားမိ၏။
ငယ်ငယ်တည်းက ခင်လာတဲ့ သူငယ်ချင်းနှစ်ဦး.....
သူ့ဘ၀တက်လမ်းမှာ ဟာအွန်းသည်လည်း တစ်ထောင့်တစ်နေရာက ပါ၀င်အားဖြည့်ပေးခဲ့သူ......
နောက်တော့ အနေနီးသူအချင်းချင်း ပတ်၀န်းကျင်ကြောင့် ဘာလိုလိုနှင့် ချစ်သူဘ၀ရောက်ခဲ့ကြသည်.....
လူငယ်ပီပီ ဂျောင်ဂုကတော့ ဘာကိုမျှအမှတ်မထား......
ချစ်သူဖြစ်လာပီမို့ ဟာအွန်းအား သူဂရုစိုက်တန်သလောက်စိုက်ပေးသည်.....
သို့သော် ဟာအွန်းကတော့ သူ့အား ကြိုးစားဖို့ကိုသာ တိုက်တွန်းခဲ့၏။
တစ်ခါတစ်လေကျတော့လည်း သူ့ဘက်ကပဲ သဘောကျနေမိတာလားဟုပင် အတွေးရောက်မိသည်.....
သူလည်းလိုချင်မိပါ၏ ဂရုစိုက်မှုတွေ ကြင်နာမှုတွေ......
တစ်ခုဆိုးတာက သူတို့ကြားတွင် ချစ်သည်ဟူ၍ပင် မပြောဖူးသေး......













You've reached the end of published parts.

⏰ Last updated: May 31, 2023 ⏰

Add this story to your Library to get notified about new parts!

Old Story Of Willow TreeWhere stories live. Discover now