10

67 14 7
                                    

" ချစ်ရပါသော ဟာအွန်း..... ဒီနေ့တော့ ကိုမင်းကို လက်ထပ်ဖို့ ခွင့်တောင်းချင်တယ် ကို့ကို လက်ထပ်နိုင်မလားဟင်...... "
မပီမသသော စာများအား ဖတ်ရင်း ထယ်ယောင်းရင်ထဲ ကြေကွဲလာသလို ခံစားလာရသည်......
စာရွက်လေးအား စားပွဲပေါ်ပစ်တင်ကာ အပြင်သို့ ငေးနေမိ၏။
ဂျောင်ဂုကီးမှာလည်း ချစ်ရတဲ့သူရှိတာပဲ.....
လက်ထပ်ဖို့အထိတောင် သူကရည်ရွယ်ထားသေးတာ.....
ဒါနဲ့ ငါကရော ဘာလို့ ၀မ်းနည်းပေးနေရတာလဲ......













ညဘက်အိပ်မပျော်သဖြင့် အိမ်ရှေ့တွင် ထွက်ထိုင်နေမိသည်......
လေများက တဖြူးဖြူးတိုက်ခတ်လို့နေ၏။
နွေရာသီမို့ ညဘက်ဆို ဂျောင်ဂုသိပ်အိပ်မပျော်ချေ......
တောရွာမို့ မီးမရှိသည့်အပြင် အဲကွန်းတပ်ဖို့ဆို ပို၍ပင်ဝေးသေးတော့.....
ထို့ကြောင့် အပူမခံနိုင်သည့် သူကမူ ခြံထဲရှိ ကွပ်ပြစ်လေးတွင်သာ အိပ်လေ့ရှိသည်.....
ကောင်းကင်ကြီးအား ငေးကြည့်ရင်း မျက်လုံးများ မှိတ်မည်အပြု အိမ်မကြီးမှ အရိပ်တစ်ခုကြောင့် သူထကြည့်လိုက်သည်......
သူ့ဆီသို့ တစ်လှမ်းချင်းလျှောက်လာနေသော ကောင်ကလေး.....
ယခင်လို ရှပ်တီးရှပ်ပြာမဟုတ်ဘဲ တည်ငြိမ်သည့်ပုံစံလေးက တစ်မျိုးကြည့်ကောင်းလို့နေပြန်သည်......
ဘာရယ်မဟုတ်ပါဘဲ သူငေးမိသွား၏။
" မင်းက ဘာလာလုပ်တာလဲ..... "
စိတ်ထဲကမပါသော်လည်း စကားက ခပ်ပြတ်ပြတ်ထွက်သွားမိသည်.....
" ပျင်းလို့လေ အိပ်မပျော်တာနဲ့ ဆင်းလာတာ ဂျောင်ဂုကီးကိုတွေ့လို့ ဒီဘက်လျှောက်လာတာ ဂျောင်ဂုကီးက မအိပ်သေးဘူးလား..... "
" မအိပ်သေးလို့ ဒီလိုစကားပြောနေတာပေါ့...... "
ဘောက်ဆတ်ဆတ်‌ဆိုရင်း ကွပ်ပြစ်ပေါ်ထပ်မံလှဲချလိုက်သည်.....
ထိုကောင်လေးအား မသိမသာကြည့်မိတော့ ကောင်းကင်ကြီးအား ငေးကြည့်နေသည်ကိုသာ မြင်ရ၏။
မျက်နှာလေးက ယခင်ကလိုမဟုတ်ဘဲ ပို၍ ရင့်ကျက်ဟန်ရှိနေသည်.....
" ဂျောင်ဂုကီး လူတစ်ယောက်ကို ချစ်ဖူးလားဟင်..... "
မဆီမဆိုင်ဆိုလာသော စကားကြောင့် ဂျောင်ဂု အနည်းငယ်တော့ အံ့ဩသွားရသည်.....
ကောင်လေးကတော့ ကောင်းကင်ကြီးကို အကြည့်မပျက်......
" ဘာဆိုင်လို့ မင်းကမေးနေရတာလဲ...... "
" ဒီတိုင်းသိချင်လို့ပါ ဂျောင်ဂုကီးမှာ ရှိခဲ့မယ်ထင်လို့...... "
တည်ငြိမ်စွာ ပြောလာသော အသံလေးက ဘာမှသံသယဖြစ်ဖွယ်မရှိ......
သို့သော်လည်း ဂျောင်ဂုမဖြေချင်သည်မို့ မေးခွန်းပြောင်း၍သာ မေးလိုက်သည်......
" အဲ့လိုမေးတဲ့မင်းမှာရော ရှိလို့လား...... "
ထိုမေးခွန်းအပီး သူတို့ကြား တဒဂ်တိတ်ဆိတ်သွားပါ၏။
ညပုရစ်အော်သံများက အစီအရီထွက်ပေါ်လို့လာသည်......
" မသိဘူး.... ရှိမယ်မထင်ပါဘူး..... လူတစ်ယောက်ကို ချစ်ရတာ ပင်ပန်းတယ်ထင်တယ်..... အဟင်း..... "
ဆွေးဆွေးမြေ့မြေ့စကားအဆုံး စိတ်ပျက်ခြင်းရောနေသည့် ရယ်သံတစ်ချို့ထွက်ပေါ်လာ၏။
ဂျောင်ဂုတော့ ကောင်လေးအား နားမလည်စွာ ငေးကြည့်ရင်း.....
" မပင်ပန်းပါဘူး မင်းကို အချစ်က ပင်ပန်းတယ်လို့ ဘယ်သူကပြောထားတာလဲ..... "
ဒီတစ်ခါတော့ စိတ်လိုလက်ရ ဂျောင်ဂုဆိုမိသည်......
" မပြောပါဘူး မြင်ရကြားရတာတွေနဲ့ အချစ်က လူကိုပင်ပန်းစေတယ်လို့ပဲ ယူဆလိုက်တာ..... တကယ်လည်းဟုနေတာပဲဟာ..... "
" မင်းပြောတာမှားတယ် လူတိုင်းက အချစ်နဲ့အသက်ရှင်နေကြတာ အချစ်မရှိရင် အဲ့လူက လူမဟုတ်တော့ဘူး..... "
" မဟုတာ...... ဂျောင်ဂုကီး ပြောသလိုဆို လူတိုင်းက ရည်းစားတွေနဲ့ပဲ ဖြစ်နေမှာပေါ့...... "
" ငါပြောချင်တာ အဲ့ဒီအချစ်မှမဟုတာ အချစ်ဆိုတာ 1500 နဲ့ 528 ပေါင်းထားတဲ့အရာပဲ အဖေအမေကို ချစ်တဲ့အချစ် ကိုယ့်လက်တွဲဖော်အပေါ် ချစ်တဲ့အချစ်..... လူတိုင်းမှာတော့ အဲ့နှစ်ခုတည်းက တစ်ခုရှိတတ်ကြပါတယ် မင်းလည်း မင်းမိဘတွေကို ချစ်တယ်မဟုဘူးလား..... "
" အဲ့တာကတော့ အဲ့တာလေ ကျွန်တော်ပြောတဲ့ အချစ်ဆိုတာ 1500 အချစ်ကိုပြောတာ..... ဂျောင်ဂုကီးလည်း တစ်စုံတစ်ယောက်ကို ချစ်ဖူးမှာပဲ..... "
သည်တစ်ခါတော့ ထယ်ယောင်းအသံလေး တိမ်၀င်သွားသည်.....
ကြယ်များအား ငေးကြည့်ရင်း အတွေးထဲမြောနေမိသည်......
ရင်ထဲမှာလည်း ၀မ်းနည်းချင်သလိုကြီးဖြစ်နေ၏။
တစ်ခါလောက် လှိုက်လှိုက်လှဲလှဲငိုချပစ်ချင်လိုက်တာ......














Old Story Of Willow TreeWhere stories live. Discover now