8

67 16 8
                                    

" ဟေး ဘယ်သူမှမရှိကြဘူးလား..... ဟိုအကောင်...... !!!!!!! "
ခြံ၀ရှေ့မှ အော်သံကြောင့် ထယ်ယောင်းလည်း လုပ်လက်စအလုပ်များရပ်ကာ အလျင်အမြန်ပြေးသွားလိုက်သည်......
ဂျောင်ဂုကို တစ်ချက်ကြည့်မိတော့ မျက်နှာမသာမယာနှင့်‌မြင်လိုက်ရ၏။












" ဟော အကို...... "
" အော ထယ်ယောင်းလေး နေရတာ အဆင်ပြေရဲ့လား..... အကိုဖုန်းဆက်တာလည်းမကိုင်ဘူး..... "
" ဟီး အဲ့တာက ဖုန်းအားကုန်သွားလို့အကိုရဲ့ ဒီမှာက မီးပျက်ရေပျက်လေ..... နေရတာ တခြားကမ္ဘာကိုရောက်နေသလိုပဲ..... "
" ဒါပေမယ့် ကြိုးဖုန်းရှိတယ်လေ ထယ်ယောင်းရဲ့ ဟိုအကောင်ဂျောင်ဂုကို အဲ့တာနဲ့ပဲဆက်ရတာ..... နောက်တစ်ခါကျ အကို့ဆီဆက်လို့ရတယ်သိလား...... "
" ဟီး ဟုကဲ့..... "
ပါးဖောင်းဖောင်းလေးများနှင့် ရယ်ပြနေသော ကောင်လေးက စိတ်ချမ်းသာနေပုံပေါက်သည်......
ဒီလိုတော့လည်း ဘယ်ဆိုးလို့လဲဟု ဆော့ဂျင်တွေးနေမိ၏။
" ဒါနဲ့ အကိုက...... "
လက်ထဲမှ အထုပ်များအား ကြည့်ကာ မေးခွန်းထုတ်နေသော ကောင်လေးအား ဆော့ဂျင်ရယ်ပြလိုက်သည်.....
" ဟျောင်းက ဒီနေ့ Weekend မို့လို့ မင်းတို့ဆီ လာနေတာ..... ဒီမှာစားစရာတွေလည်း၀ယ်လာတယ်......အကို့ကိုရင်းရင်းနှီးနှီး ဟျောင်းလို့ပဲခေါ်ပေါ့...... "
" ဟုကဲ့ ဟျောင်း ၀ယ်လာတာတွေက အများကြီးပဲ မနေ့ကလည်း ဂျောင်ဂုကီးက ၀က်သားတွေ၀ယ်လာသေးတာ..... ကျွန်တော်လည်း ကင်ဖို့အဆင်မပြေလို့ တစ်၀က်ပဲကြော်ကျွေးလိုက်တယ်..... ဟျောင်းရောက်လာတော့ ဒီနေ့ ကင်စားကြတာပေါ့...... "
သူ့လက်ထဲမှ အထုပ်ကြီးအားဆွဲကာ ရှေ့မှသွားရင်း စကားတို့အမျှင်မပြတ်ပြောနေသော ကောင်လေး.....
ထိုအထဲမှ ဂျောင်ဂု၀ယ်လာသည်ဆိုသော ၀က်သားအကြောင်းတွေးရင်း ဆော့ဂျင်အံ့ဩရပြန်သည်.....
ဂျောင်ဂုသည် ဘယ်တော့မှဈေးမ၀ယ်
အရင်ကဆို ၀က်သားစားချင်တာတောင်မှ သူ့ကိုပဲ၀ယ်လာခိုင်းသည် မဟုပါလား......
ထူးထူးခြားခြား......











" ဂျောင်ဂုကီး ဂျောင်ဂုကီး ဂျောင်ဂုကီးဟျောင်းရောက်နေတယ်..... စားစရာတွေလည်းအများကြီးပဲ...... "
အထုပ်များနှင့်မနိုင်မနင်း ဂျောင်ဂုရှိရာပြေးသွားသော ကောင်လေး......
ဂျောင်ဂုကတော့‌ ဂေါ်ဖီထုပ်ကြီးအားပိုက်ကာ အနောက်မှလိုက်လာသော ဟျောင်းကိုသာ မကြည်ကြည့်ကြည့်နေမိသည်.......
" ဘာလာလုပ်ပြန်ပီလဲ ဟျောင်းက...... "
" ရား ဘာလာလုပ်ရမှာလဲ...... မင်းကိုဖုန်းဆက်တာ ဖုန်းမှမကိုင်ဘဲ ထယ်ယောင်းကိုလည်းလာကြည့်ရင်း ၀င်လာတာ..... "
" အဲ့တာဆိုလည်း ကြည့်ပီးပြန်..... "
" ဂျောင်ဂုကီးကလည်း အကိုကိုအဲ့လိုမပြောရဘူးလေ..... "
သူ့အပြောအပီး အနောက်မှထွက်ပေါ်လာသော အသံစွာတာတာလေးကြောင့် ဂျောင်ဂု စိုက်ကြည့်ပေးလိုက်သည်......
ထိုအခါမှ လျှာတစ်လစ်ပြုကာ ခေါင်းငုံ့သွားသော ကောင်ကလေး......
" ဟေး ငြိမ်ငြိမ်နေစမ်း ကောင်ကလေး..... သွား ပျိုးပင်တွေသွားလုပ်ချေ..... "
" အွန်း ဂျောင်ဂုကီး..... "
သူဟောက်လိုက်တော့ မျက်နှာငယ်လေးနှင့် အထုပ်ကလေးများအား ဆော့ဂျင်ဟျောင်းဆီပေးကာ ထွက်သွား၏။
ဆော့ဂျင်ဟျောင်းကတော့ ပါးစပ်တပြင်ပြင်ဖြင့် ပြောရန်ပြင်နေချေပီ....
" ဂျောင်ဂု.... မင်း.... ကလေးကို....... "
" အဲ့တာတွေပြောမယ်ဆို ခုချက်ချင်းပြန်လိုက်တော့....... "
ခပ်ပြတ်ပြတ်သာဆိုကာ ဂေါ်ဖီထုပ်ပိုက်လျက် စိုက်ခင်းဆီပြန်လှည့်လာခဲ့သည်......
ဆော့ဂျင်ကတော့ သက်ပျင်းရှည်ကြီးကိုသာချမိ၏။
ဒီပုံစံနဲ့ ဒီနှစ်ယောက်နဲ့.......
ငါဘယ်လိုစခန်းသွားရပါ့......













Old Story Of Willow TreeWhere stories live. Discover now