9

58 16 2
                                    

" ဂျောင်ဂုကီး...... "
Album လေးအား ရင်မှာပိုက်ထားလျက် ထယ်ယောင်း အထစ်ထစ်အငေါ့ငေါ့ စကားထွက်သွားမိသည်......
အေးစက်သည့်အရိပ်များ ဖုံးလွှမ်းနေသော မျက်၀န်းတစ်စုံက သူ့အားပို၍ သိမ်ငယ်စေသယောင်ခံစားနေရ၏။
" ချထားလိုက် အခုချက်ချင်း...... "
" ဒါပေမယ့် ကျွန်တော် ကျွန်တော်.... "
" ဒါပေမယ့်တွေ ဘာတွေလုပ်မနေနဲ့ အခုချက်ချင်း ငါ့ပစ္စည်းတွေချထားလိုက်...... "
စိတ်ဆိုးမာန်ဆိုးအော်လိုက်သံကြောင့် ထယ်ယောင်း ကြောက်လန့်လျက် Album လေးအား ကြမ်းပြင်‌ပေါ်ပစ်ချမိလျက်သား.......
ဂျောင်ဂု၏အော်သံကြောင့် တစ်ဘက်ခန်းမှ ဆော့ဂျင်လည်း ပြေးထွက်လာခဲ့သည်.....
မြင်ကွင်းကတော့ မလှ......
အခန်းထဲတွင် ကြုံ့ကြုံ့လေးရပ်နေသော ထယ်ယောင်းက အလွန်ကြောက်နေဟန်ရှိသည်.....








" ဟျောင့် ဂျောင်ဂု ကလေးကို ဘာလို့အော်ရတာလဲ...... "
" သူ ကျွန်တော့်ဟာတွေထိတယ်လေ..... အဲ့ Album တွေ..... ကျွန်တော့်ပစ္စည်း‌တွေထိတာမကြိုက်ဘူး...... "
" ဒါပေမယ့် အဲ့လိုကြီးတော့ မပြောသင့်ဘူးလေ.... "
" ဘာဖြစ်နေလို့လဲ ကျွန်တော်က မကိုင်နဲ့လို့ပဲပြောတာ..... "
" မင်းအော်လိုက်လို့ ဟိုမှာကြောက်သွားပီ မတွေ့ဘူးလား...... "
ဆော့ဂျင်ဟျောင်း၏ အော်ကျယ်အော်ကျယ်အသံကြောင့် ဂျောင်ဂု အာရုံများက ထယ်ယောင်းဆီကျရောက်သွားရသည်....
မျက်လုံးလေးများ ဝိုင်းစက်လျက် အကြည့်များက တစ်နေရာသို့ လွှဲထားသည်......
ကိုယ်လုံးလေးကလည်း တုန်ယင်လို့နေ၏။
" ထယ်ယောင်းလေး လာ လာ ဟျောင်းနဲ့ လိုက်ခဲ့...... "
" ဟုတ် ဟုတ်...... "
ဆော့ဂျင်၏ လက်ထဲ အတုန်တုန်အလှုပ်လှုပ်ပါသွားသော ကောင်လေးအား မြင်မှ သူအသိပြန်၀င်လာခဲ့သည်.......
ငါ မှားသွားပီလား......









" ဟျောင်း ကျွန်တော် ပြန်တော့မယ်..... ဒီမှာ‌မနေချင်တော့ဘူး...... ကျွန်တော်သူ့ကိုကြောက်တယ်...... "
" ထယ်ယောင်း..... ဂျောင်ဂုက အဲ့လိုမဟုပါဘူး စောနက သူစိတ်ဆတ်သွားလို့ပါ..... မပြန်ပါနဲ့နော်...... "
ဆော့ဂျင်မှာတော့ ထိုကောင်လေးပြန်သွားမည်စိုးသဖြင့် အသဲအသန်တားနေရသည်......
ပြန်လို့မဖြစ်ချေ......
ထယ်ယောင်းကြောင့် ဂျောင်ဂုအနည်းငယ်ပြောင်းလဲနေတာပဲမဟုလား.......
" ဟင့်အင်း မနေချင်တော့ဘူး ကျွန်တော် အဆိုတော်လည်းမဖြစ်ချင်ဘူး ဘ၀ကို ဒီတိုင်းပဲ မြို့မှာနေရင်းဖြတ်သန်းတော့မယ်..... သူ့ကိုလည်းမကြိုက်တော့ဘူး တခြား Idol ကိုပဲပြောင်းကြိုက်တော့မယ်.... သူကကျွန်တော့်ကိုအော်တယ်..... အီး..... "
မျက်ရည်ပေါက်များကျကာ ကလေးတစ်ဦးသဖွယ်အော်ငိုနေသော ကောင်လေးကြောင့် ဆော့ဂျင်လည်း လှမ်းဖက်လျက် ကျောပြင်လေးအား ပုတ်ပေးမိသည်.....
" မဟုပါဘူး ထယ်ယောင်းရဲ့ ဟျောင်းကိုလည်း အဲ့လိုအော်နေကြ..... သူ့မှာက စိတ်ဒဏ်ရာလေးတွေကြောင့် အဲ့လိုဖြစ်သွားတာပါ..... ထယ်ယောင်းရယ်..... "
" ဒါပေမယ့်..... "
" ထယ်ယောင်းပဲ ဂျောင်ဂုကို ပြောင်းလဲပေးချင်တယ်ဆို..... သူ့ကို အရင်ပုံစံအတိုင်း မြင်ချင်တယ်ဆို..... သူ့ကို အချိန်ခဏလောက်ပေးသင့်တယ် ထယ်ယောင်းလေးရဲ့ ပီးတော့လေ ထယ်ယောင်းရောက်လာပီးကတည်းက သူပြောင်းလဲနေတာတွေရော သတိထားမိရဲ့လား...... ဟျောင်းတောင်မှမမြင်ဖူးတဲ့ အမူအကျင့်တွေချည်း လုပ်နေတာ...... ဟျောင်းကတောင်းဆိုပါတယ် ဟျောင်းရယ် ထွက်မသွားပါနဲ့နော်..... ဂျောင်ဂုအတွက် မင်းကလိုအပ်တဲ့သူပါ..... ထယ်ယောင်း...... မင်းကပဲ သူ့ကိုပြုပြင်ပေးနိုင်မှာ..... ကျေးဇူးပြုပီး....... "
လက်နှစ်ဖက်အား တင်းကျပ်စွာ ဆုပ်ကိုင်ရင်း တောင်းပန်နေသော ဟျောင်းကြောင့် ထယ်ယောင်း အားနာလာရသည်.....
တစ်ဆက်တည်းမှာပင် ဟိုလူကြီးကိုလည်း မုန်းမိပြန်ပါ၏။
အကိုဖြစ်သူက ဒီလောက်တောင်တောင်းပန်နေရတာ.....












Old Story Of Willow TreeWhere stories live. Discover now