အပိုင်း {၁၀} [က]

Start from the beginning
                                    

"ငါဖြစ်ချင်တာကို နင်သိပါတယ် တေးသံ... နင်ငါ့ကိုမရွဲ့နဲ့"

မိန်းမနှစ်ယောက်အခြေတင်ဖြစ်နေတဲ့ စကားဝိုင်းမှာ ဟန်လင်းက လုံးဝဝင်မပါ။ သူတို့နှစ်ယောက် တခြားသူတွေနှင့်ရန်ဖြစ်လျှင်သာ ဝင်ထိန်းကောင်းထိန်းလိမ့်မည်။ သူတို့အချင်းချင်းဖြစ်နေလျှင်တော့ ငြိမ်ကာ ကြည့်နေတတ်သည့် ဟန်လင်း။

"ဒါပေမဲ့ ဟေသာဖြစ်ချင်သလိုလုပ်ဖို့ တေးသံအတွက်မလွယ်ဘူးလေ"

လွမ်းလေသံလေးဟာ မာန်မပါတော့ပဲ အားယူပြောလိုက်ရသည့်အသံမျိုး။ ဘာကြောင့်လည်း ဟေသာသိပေမဲ့ ဟေသာ့စိတ်ပျောသွားလို့မဖြစ်။

"အဲ့ကလေးမကို တေးသံဒက်ဒီနဲ့ တေးသံတို့ရဲ့ တင်းမာမှုကြားထဲကို ဆွဲထည့်မလို့လား ဟမ်!"

"အဲ့လိုထင်ရင် အဲ့လိုပေါ့"

"တေးသံ!"

ဟေသာ့ အော်သံကြောင့် ဟန်လင်းဟာ လက်ကိုကိုင်ဆွဲပြီး ဆက်မပြောတော့ဖို့ပြောသည်။

"ဒါပဲမလား တေးသံသွားပြီ"

"တေးသံ နေဦး"

"ဘာဆက်ပြောရဦးမှာလဲ ဟေသာကို!"

လွမ်း လက်ကို ဟေသာဆွဲကာတားလိုက်တော့ လွမ်းဟာ လေသံပြန်မြင့်လာသည်။

"နင့်လုပ်ရက်တွေမှားနေပြီ တေးသံ"

ဟေသာအခုမှ လွမ်းရဲ့မျက်ဝန်းတွေထဲက ရစ်ဝိုင်းနေသည့် မျက်ရည်စတို့ကိုတွေ့တော့သည်။ လွမ်းတေးသံဟာ ထိုမျက်ရည်စတို့ကို ပုတ်ခတ်ပြီး အဆင်ပြေမှ ဟေသာ့ကို စူးစိုက်ကြည့်သည်။

"ဟုတ်ပါရဲ့ တေးသံအမှားလုပ်နေတာ ဒါပေမဲ့ အဲ့အမှားက တစ်ကမ္ဘာလုံးကလူတွေအတွက်မှားနေရင်တောင် တေးသံအတွက်မှန်တယ်"

ဟေသာ့လက်ကို ပုတ်ထုတ်ကာထွက်သွားသည့် ကျောပြင်ကိုကြည့်ပြီး ဟေသာအားမရဖြစ်ရသည်။ လွမ်းက အမှန်ဆို တော်ရုံမငိုဘူးလေ။

"ထားလိုက်တော့ ဟေသာ"

"ဘာကိုထားရမှာလဲ ဟန်လင်း။ ဒါကို ဘယ်လိုလုပ်ထားရမှာလဲ"

"နင်က မှားနေတယ်သွားပြောတော့ တေးသံအတွက် ပိုခက်ခဲတာပေါ့။ တေးသံက ဇွတ်လုပ်တတ်တာမှန်ပေမဲ့ သူ့မှာ စဉ်းစားညဏ်ရှိပါတယ် ဟေသာရယ်။ တေးသံ ကိုယုံကြည်ပေးလိုက်ပါ"

လွမ်းပျက်ပြယ်Where stories live. Discover now