အပိုင်း {၁၆} [က]

5.5K 664 37
                                    

"ဟင် မမလွမ်း!..."

​ဒီနေ့ မမလွမ်းရောက်လာမယ်ဆိုတာကိုကြိုသိနေသော်လည်း အံ့ဩချင်ယောင်ဆောင်ပြမိသည်။

"တို့ကို ပေးမဝင်တော့ဘူးလား"

"အာ ဟုတ်သား"

ညွှန်း တံခါးရှေ့ကဖယ်ပေးလိုက်ပြီး ဝင်ခိုင်းလိုက်တော့ မမလွမ်းက မဝင်ခင်သူ့မျက်နှာကိုသေချာကြည့်သွားသေးသည်။ ညွှန်း စိတ်ထင် ညွှန်း အခြေနေကိုအကဲခတ်သွားတာဖြစ်နိုင်သည်။ ညွှန်းလည်း မမလွမ်းဝင်သွားမှ တံခါးကိုအမြန်ပိတ်ကာ အနောက်မှလိုက်သွားလိုက်သည်။ မမလွမ်းကတော့ ညွှန်း အိမ်နဲ့အသားကျနေပြီမို့ ဆိုဖာပေါ်ဆိုင်ခိုင်းစရာတောင်မလိုတော့ပဲ ဝင်ထိုင်နေနှင့်ပြီ။

"လာပါဦး"

ညွှန်း မထိုင်သေးပဲ ရေသွားယူပေးရမလား မဝေကိုခိုင်းရမလား ယောင်လည်လည်ဖြစ်နေတုန်းမှာပဲ မမလွမ်းဟာ သူ့ဘေး ဆိုဖာကိုပုတ်ပြပြီး အနားလာထိုင်ဖို့ခေါ်လေသည်။ ထို့ကြောင့် ညွှန်းလည်း ဘာမှမလုပ်ပေးတော့ပဲ မမလွမ်းအနားဝင်ထိုင်လိုက်သည်။ ထူးဆန်းတာက ညွှန်းရင်ထဲက အကောင်ပေါက်က မမလွမ်းနဲ့တွေ့တော့ ရင်ခုန်နေဆဲဆိုပေမဲ့ မကျေနပ်ချက်လည်းရှိပုံပေါ်သည်ထင်ပါရဲ့။ မမလွမ်းကိုမြင်တော့ ရင်ထဲအောင့်သက်သက်ပင်။ မမလွမ်းကိုမြင်တော့ ပျော်ရွှင်ရပေမဲ့ ဒေါသဖြစ်ချင်စိတ်တို့လည်းဖြစ်နေသည်။ ဟုတ်ပါရဲ့ ညွှန်း စိတ်တွေကလည်း အလင်းနဲ့အမှောင်ဖြစ်နေသည်။

"မမလွမ်း!"

ညွှန်း နဖူးပြင်လေးပေါ် မမလွမ်းရဲ့လက်လေးရောက်လာတော့ အတွေးတွေလွှင့်စင်သွားသလို ဒေါသဖြစ်ချင်စိတ်လည်းပျောက်ကွယ်သွားသည်။

"မဖျားတော့ဘူးပဲ မျက်နှာလေးနွမ်းနေလို့"

ဒီအခြေနေမှာ ညွှန်း အရည်ပျော်မကျပဲနနေနိုင်တော့ချေ။ သို့ပေမဲ့ မမလွမ်းရဲ့ သူ့အပေါ်ဟန်ဆောင်မှုကိုသိနေတော့ ညွှန်း စိတ်ကိုတင်းထားရသည်။ အခု မမလွမ်းလုပ်ရပ်ကြောင့် ညွှန်းလည်း လမ်းဖောက်ဖို့အခွင့်ရေးရသွားချေပြီ။

"နည်းနည်းပင်ပန်းနေလို့ပါ မမလွမ်း"

ညွှန်းပြောရင်း သူ့နဖူးပြင်ပေါ် မမလွမ်းလက်လေးကိုကိုင်ပြီး ညွှန်းပါးပြင်ပေါ်ကပ်လိုက်သည်။ ထို့နောက် ခေါင်းလေးအနည်းငယ်စောင်း၍ မျက်လုံးမှိတ်ထားလိုက်သည်။ ညွှန်းသည် မမလွမ်းရဲ့လက်ကလေးကိုအသားယူလိုက်ပေမဲ့ မမလွမ်းကတော့ ညွှန်းပင်ပန်းနေလို့သူ့လက်လေးပေါ်အနားယူနေတယ်လို့သာ ထင်ပါလိမ့်မည်။ ညွှန်းရဲ့ ဒီရက်ပိုင်းစိတ်ခံစားချက်တွေကြောင့်ရော ခရီးပန်းနေတာကြောင့်ပါ ညွှန်း မျက်နှာ နွမ်းနေသည်ထင်ပါရဲ့။ ဒီအခွင့်ရေးကို ကောင်းကောင်းအသုံးချသင့်တယ်မလား။

လွမ်းပျက်ပြယ်Where stories live. Discover now