အပိုင်း {၂၇} [က]

6K 669 35
                                    

အဝေးကနေကြည့်နေရသည့်မြင်ကွင်းမှာ ဖေဖေကပဲ အခုချိန်ထိတစ်ခုချင်းပြောနေတာ။ မမလွမ်းဟာတော့ ခံစားချက်မရှိသည့် မျက်နှာနှင့် ဖေဖေပြောသမျှကိုစိုက်ကြည့်နေသည်။ ညွှန်းတို့နေရာမှ မကြားရသည့် ဖေဖေ့စကားတွေဟာ မမလွမ်းအတွက် ဓားတွေဖြစ်နေမည်စိုး၍ ညွှန်း ပိုစိတ်ပူလာသည်။

"မသွားနဲ့ဦး ဖွဲ့ရာ"

ညွှန်း လက်သည်းကိုက်ရင်းစိတ်ပူနေရာက မနေနိုင်ပဲ မမလွမ်းဆီသွားဖို့လုပ်တော့ ဟေသာက ညွှန်းလက်မောင်းကို ဖမ်းဆွဲပြီးတားသည်။

"ဒါပေမဲ့..."

"ဖွဲ့ရာသွားရင် တေးသံ အဲ့လူကြီးကို ဘာတစ်ခွန်းမှပြောထွက်တော့မှာမဟုတ်ဘူး။ တေးသံက ဖွဲ့ရာ မျက်နှာကြောင့် ငြိမ်ခံလာလိမ့်မယ်။ သူက ဖွဲ့ရာကို ဒီလို ဘေးကျပ်နံကျပ်အခြေနေမျိုးဖြစ်စေချင်တာမဟုတ်ဘူး"

ညွှန်း ဘာလုပ်ရမလဲမသိဖြစ်လာသည်။ ညွှန်းဟာ မမလွမ်းဘက်ပါမည်ဆိုတာသေချာသော်လည်း ဖေဖေနှင့် တစ်ခါမှပြဿနာကြီးကြီးမဖြစ်ဖူးပါ။ တကယ်လို့အခုဖြစ်မယ်ဆိုလျှင်လည်း ဖေဖေ့ကို ပြန်ခံပက်ဖို့စကားလုံးတို့ပြောထွက်ပါ့မလား။ ညွှန်း တွေဝေနေတုန်းမှာ မမလွမ်းဟာ ဖေဖေ့ကိုစကားပြောလိုက်ဟန်ရှိသည်။ ဖေဖေဟာ ဒေါသပိုထွက်သွားဟန်ရှိသည်နှင့် ညွှန်းခြေလှမ်းတို့ဟာ ဟေသာတားသည့်ကြားမှ မမလွမ်းဆီ အပြေးလေးသွားမိသည်။

"ဖေဖေ!"

ညွှန်း အသံနှင့် လေပေါ်မှာဝဲသွားသည့် ဖေဖေ့လက်ကိုလှမ်းဆွဲလိုက်သည့် ညွှန်းလက်ကြောင့် မမလွမ်းပါးနုနုလေးပေါ်ထပ်ရောက်ရှိမည့် လက်ဟာရပ်တန့်သွားသည်။

"မမလွမ်းကိုထပ်ထိရင် ညွှန်း သည်းခံမှာမဟုတ်ဘူးနော်!"

ပြန်ခံပက်ဖို့စကားမရှိဘူးဆိုခဲ့သော်လည်း မမလွမ်းကို ကာကွယ်ပေးဖို့တော့သတ္တိရှိခဲ့သည်။ ထို့ကြောင့် လေးစားချစ်ခင်ရသည့် သူ့အပေါ်ကို ညွှန်းပြန်ပြောမိနေပြီ။

"ဘာရယ်! ညွှန်းလေး အဖေ့ကိုဘယ်လိုပြောလိုက်တယ်"

"မမလွမ်းကို ထပ်မထိပါနဲ့ဖေဖေ... စကားနဲ့ပဲပြောပေးပါ"

လွမ်းပျက်ပြယ်Where stories live. Discover now