အပိုင်း {၄} [က]

6.4K 688 51
                                    

နီးကပ်နေသည့် ဒီအနေထားမှာ ညွှန်း မလှုပ်နိုင်သေးသလို လွမ်းဟာလည်း ထိုနည်းတူ။ ဒီလိုဖြစ်ပြီး ခဏလေးအတွင်းမှာ သူ့မျက်နှာပြင်ကိုရိုက်ခတ်နေသည့် အသက်ရှူ လေငွေ့လေးဟာ ပျောက်ကွယ်သွားသည်။ လွမ်းဟာ အသက်မရှူရဲတော့ပဲ အသက်အောင့်လိုက်ဟန်ပေါ်၏။ အဲ့တော့မှ ညွှန်း ဖယ်ရကောင်းမှန်းသိစွာ အသားယူမိထားသည့်တို့ကို လွှတ်လိုက်ရင်း နောက်ဆုတ်လိုက်သည်။

"ဟို...ဟို မမလွမ်း ဗိုက်မဆာဘူးလား။ ညွှန်း တစ်ခုခုလုပ်ပေးရမလား"

ညွှန်း  နေရခက်စွာ နှုတ်ကရှိရာပြောလိုက်ခြင်းပါ။ လွမ်း စားမည်လည်းမထင်။ အနည်းဆုံးတော့ အာရုံလွှဲသွားတာပေါ့။

"အွန်... အွန်း တို့လည်း ဒီလာတုန်းက ဘာမှမစားခဲ့ဘူး။ ဗိုက်ဆာနေတော့ မင်း တစ်ခုခုလုပ်ကျွေးချင်လား"

ညွှန်း ဘက်ကို မကြည့်တော့ပဲ ဂီတာကို ညာဘက်ဘေးချရမလို၊ ဘယ်ဘက်ဘေးချရမလိုဖြစ်သွားသည့် မမလွမ်းကို ကြည့်ပြီး ညွှန်း အံ့အားသင့်သွားသည်။ ငြင်းမည်ထင်ခဲ့တာလေ။ ပြီးတော့ တည်ငြိမ်တဲ့ လွမ်း ပုံစံဟာ ဘယ်ရောက်သွားပြီလဲ။ လွမ်းဟာလည်း နေရခက်သွားသည်လား။ မဟုတ်လောက်ပါဘူး။ ညွှန်းကြောင့် နေရခက်သွားစရာဘာအကြောင်းမှ မရှိဘူးလေ။

"ဟုတ် အဲ့ဒါဆို ဘာစားချင်တာရှိလဲ။ ညွှန်းကို ပြောလေ အိမ်မှာတော့ အသား၊ငါးထည့်ဖို့ သီးသန့် Freezer ရှိတော့ အစုံရှိတယ်။ မမလွမ်းစားချင်တာပြောလို့ရတယ်"

"ရတယ် မင်းအဆင်ပြေတာပဲလုပ်လိုက်။ တို့က အစားချေးမများဘူး"

အဲ့လိုတွေပြောလျှင် အရမ်းတိုင်ပတ်သည်ပါ။ စားချင်တာကို မပြောပဲ အဆင်ပြေတာတဲ့။ လွမ်း အကြိုက်ကို ညွှန်း သိတာမှမဟုတ်ပဲ။ ဘာမှတောင် မလုပ်ကျွေးချင်တော့တဲ့စိတ်ဖြစ်လာသည်။

"အဲ့ဒါဆို Seafood ထမင်းကြော်ပဲ စားမလား။ ညွှန်း ကြော်လိုက်မယ်"

"မင်းသဘော"

ပြန်ဖြေတာကိုက အချိုးပြေမနေ၍ ညွှန်း စိတ်ထိန်းရပြန်သည်။ လွမ်းကို ဂီတာ သင်လည်းပြီး စိတ်အရှည်နိုင်ဆုံး ဆုလည်းရ ဖြစ်တော့မည်ထင်သည်။

လွမ်းပျက်ပြယ်Where stories live. Discover now