အပိုင်းပို {၂}

4.6K 522 17
                                    

အေးမြလှသည့် လေအေးလေးတွေတွေဟာ အနားတွင် ကျီစယ်လွန့်လူးနေသည်။ ရင်ထဲမှာလည်း ထိုလေအေးလေးတွေလို အေးမြနေပြီ။ ၂ နှစ်လောက်ပူလောင်ခဲ့ရသည့် အပူတွေမလား။

"ညွှန်းရာ"

အမှန်တော့ ထိုအသံကို ညွှန်းမကြားလေဘူး။ နှုတ်ခမ်းလှုပ်ရုံလေး အမျိုးသမီးလေးဘက်ကဆိုလိုက်တာပါ။ ဒါကို ညွှန်း နားလည်လိုက်ရုံပဲ။ ညွှန်း ခြေလှမ်းကျယ်ကျယ်ဖြင့်လျောက်လှမ်းလိုက်သည်။ ထို့ကြောင့် လိမ္မော်သီးလေးရဲ့ ခြေလှမ်းတွေဟာလည်း နောက်အနည်းငယ်ဆုတ်သွားသည်။ သို့သော် စက္ကန့်ပိုင်းအတွင်းမှာ ညွှန်းရဲ့ ရင်အုပ်ကျယ်ကျယ်ထဲ လိမ္မော်သီးလေးဟာရောက်ရှိသွားသည်။ ထပ်ပြီးပြေးပေါက်မရှိတော့ဘူးလေ။

"လွမ်းနေခဲ့တာ။ လွမ်းနေခဲ့တာ မမလွမ်းရယ်"

ရင်ဘတ်လေးဟာ တွန်းကန်မှုကိုခံစားလိုက်ရပေမဲ့ ညွှန်း မလွှတ်ပေးမိပါ။ ပုန်းနေသည့် နေရာကိုမိသွားတာတောင် ထွက်ပြေးချင်တုန်းပဲလား။ ညွှန်းကို ဘယ်လောက်ထိရက်စက်ချင်နေတာလဲ။

"ထပ်ထွက်ပြေးဖို့မကြိုးစားပါနဲ့တော့ ဒီတစ်ခါသာ မမလွမ်းထပ်ထားခဲ့ရင် ညွှန်းသေလိမ့်မယ် မမလွမ်းရဲ့။ ညွှန်း သေမှာ"

ညွှန်းကို တွန်းကန်နေသည့် မမလွမ်းလက်လေးတွေရပ်တန့်သွားသည်။ ထို့အစား ညွှန်း အင်္ကျီလေးကို တင်းကျပ်အောင်ဆုပ်ကိုင်လာသည်။ မမလွမ်းဟာ ညွှန်း ရင်ခွင်ထဲကို မျက်နှာအပ်ထားသည်။ ထို့နောက် မမလွမ်းကိုယ်လေး တသိမ့်သိမ့်တုန်လာသည်။ မမလွမ်း ဘာဖြစ်နေပြီလဲ ညွှန်းသိပေမဲ့ ထိုမျက်ရည်များကို ညွှန်း သုတ်ပေးဖို့မကြိုးစားမိပါ။ ညွှန်းကိုယ်တိုင်လည်း မျက်ရည်တို့ဟာ မထိန်းနိုင်တော့ဘူးမဟုတ်လား။

"တို့ကို မေ့လိုက်သင့်တာကို ဘာလို့များ..."

ငိုသံစွတ်နေသည့် လေသံတိုးတိုးလေးနှင့် မမလွမ်းဟာ မေးလာသည်။ ညွှန်း မျက်ရည်တို့ကို ခပ်ကြမ်းကြမ်းသုတ်လိုက်သည်။ ပြီးနောက် ရင်ခွင်ထဲက အပုန်းကောင်းသူလေးကို ထုတ်လိုက်သည်။ သို့သော် မမလွမ်းဟာတော့ သူ့ကို မော့မကြည့်ပါပဲ အကြည့်လွှဲထားသည့်အပြင် ခေါင်းပါငိုက်ထားသည်။

လွမ်းပျက်ပြယ်Where stories live. Discover now