Part-13

563 49 8
                                    

ထရံအိမ်ငယ် လေးထဲ မီးအိမ်၏ဝါဖန့်ဖန့်အလင်းရောင်အကူအညီဖြင့် မှုန်ပြပြသာလင်းနေသည်။

ကျဉ်းမြောင်းသောအိမ်နေရာအကျယ်အဝန်းထဲ သူတို့နှစ်ဦး၏အိပ်စရာနေရာကလည်း ကျောချစရာနေရာလေးပဲရှိသည်။သားကတော့ သူတို့နှင့်ခပ်လှမ်းလှမ်းမှာ ခြင်ထောင်အသေးလေးနှင့်အိပ်မောကျနေပြီဖြစ်၏။

မီးအိမ်ကိုသာစိုက်ကြီးရင်း ဆော့ဂျင်ငြိမ်သက်နေမိသည်။သူ့မျက်လုံးများကိုအတင်းမှိတ်ပြီးအိပ်ပစ်ချင်ပေမယ့်မအောင်မြင်။

အခုသူ့ရင်တွေခုန်နေသည်။ပေါက်ကွဲထွက်တော့မည့်ဗုံးတစ်လုံးလိုတစ်ဆက်ဆက်တုန်ခါပြီးခုန်နေခြင်းဖြစ်သည်။အကြိမ်ပေါင်းများစွာ၊ညပေါင်းများစွာ ဒီလူနဲ့ပဲအတူတူအိပ်ခဲ့ကြပေမယ့် ဒီနေ့ကတော့မတူ။ခံစားချက်တွေရောထွေးနေသည်။ကိုယ်ကပဲ ဒီလူကိုရူးမတတ်ချစ်သွားမိတာကြောင့်ပဲလားမသိ။အခုသူ့ တစ်ကိုယ်လုံး ကြည်နူးခြင်း၊ပျော်ရွှင်ခြင်း၊မြတ်နိုးခြင်းများနှင့်ပြည့်နှက်နေသော ရေကန်ထဲသို့ပစ်ချခံထားရသလိုဖြစ်နေသည်။

"ဆော့ဂျင်"

"ဟင်"

တိုးညှင်းသော ခေါ်သံကြောင့်ဆော့ဂျင် ဂျောင်ကုကိုကျောပေးထားရာမှလှည့်ကြည့်သောအခါ မီးရောင်မရသောအမှောင်ဘက်အခြမ်းတွင်ရှိနေသည့်ဂျောင်ကု၏မျက်ဝန်းနက်များနှင့်တိုးသည်။

"ခုနက ပြောတဲ့စကားတွေကတကယ်ပဲလားဟင်"

ဆော့ဂျင် အသံထွက်အောင်ရယ်မိသွားသည်။ရင်ထဲကလာတဲ့စကားတွေပဲပြောခဲ့တာကို အခုထိမယုံသေးတာတော့ မဟုတ်သေးပါဘူး။

"မရယ်ပါနဲ့ ငါ..ငါအိမ်မက် မက်နေတယ်တောင်ထင်တာ"

"ဂျောင်ကု။ငါ့ကိုကြည့်"

ဆော့ဂျင် လက်နှစ်ဖက်ဖြင့် ဂျောင်ကုမျက်နှာတစ်ခုလုံးအုပ်ကိုင်ပြီး
နဖူး...ပါး.. နောက်ပြီးနှုတ်ခမ်းများပေါ်မှာ... လှပသောအနမ်းများ။

ဂျောင်ကု အံ့သြလွန်းလို့ဘာမှမတုံ့ပြန်မိ။ဒါတွေကအိမ်မက်မဟုတ်ရင် သူသွက်သွက်ခါရူးသွားအောင် ဆော့ဂျင်ကပြုစားနေသည်ပဲဖြစ်မည်။။

You've reached the end of published parts.

⏰ Last updated: May 21, 2023 ⏰

Add this story to your Library to get notified about new parts!

RobberWhere stories live. Discover now