Part-5

361 52 6
                                    

"မင်းကားကလည်း အစုတ်ကြီးလားမသိဘူးသွားနေတာရောက်ကိုမရောက်နိုင်ဘူး"

"ဟာ...ဆော့ဂျင်ကလည်း သူလည်းသူဟာသူတော့သွားနေတာပဲ အချိန်တန်ရောက်မှာပေါ့"

သူ့ကားကိုအစုတ်ကြီးပြောလို့မျက်နှာကြီးမဲသွားတဲ့ဂျောင်ကုကိုဆော့ဂျင်မျက်စောင်းသာနာနာထိုးပစ်သည်။

မေမေ့အိမ်ကိုရောက်ချင်ပါပြီဆိုကာမှ
ရောက်ကိုမရောက်နိုင်သေးဘူး။

တကယ်တည်း သူ့ကားကြီးကအစုတ်မို့အစုတ်ပြောတာကိုနာနေသေးတယ်။

"ရပ်...ရပ် ဒီမှာရပ် ငါ့ဟာငါသွားမယ်"

"ဖြေးဖြေးသွားလေ , ချော်လဲမယ်...ဆော့ဂျင်ရဲ့"

သူ့အိမ်ရှေ့လည်းရောက်ရော ကားပေါ်ကခုန်ပေါက်ဆင်းသွားတဲ့ဆော့ဂျင်ကို
ကြည့်ရင်းဂျောင်ကုလက်ဖျားခါမိပါသည်။

ဘယ်နှယ့် မအေနဲ့မတွေ့ရတာဖြင့်တစ်ရက်လောက်လေးကိုအဖြစ်သည်းနေလိုက်တာဆိုတာ။

"ဦးကြီးဒို...မေမေရော မေမေဘယ်သွားတုန်းဗျ"

အိမ်ရှေ့ရောက်တော့ ခြံတံခါးရောအိမ်တံခါးပါပိတ်ထားသည်ကြောင့်ဆော့ဂျင်စိတ်ပူသွားသည်။

မေမေ ဘာများဖြစ်လို့ပါလိမ့်။

"ဟေ...လူလေးဆော့ဂျင်ပါလား"

ဆော့ဂျင်ဘေးအိမ်ကဦးကြီးဒိုကိုလှမ်းမေးသောအခါပန်းပင်များကိုရေလောင်းရာမှဦးကြီးဒိုကခြံရှေ့ထွက်လာသည်။

"မင်းအမေမရှိဘူးကွ...မင်းအိမ်ဓားပြတိုက်ခံရပြီးမင်းကိုခေါ်သွားတဲ့ညထဲက သူ့မောင်အိမ်တန်းလိုက်သွားတယ်"

"ဟင် ဒါဆိုမေမေက လေးကင်မ်အိမ်မှာပေါ့"

ဆော့ဂျင်စိတ်ညစ်သွားသည်။သူ့အကြံကမေမေနှင့်တွေ့ပြီးတိုးတိုးတိတ်တိတ်လေးတိုင်ပင်ချင်တာ။ပြီးရင်ဂျောင်ကုအလစ်မှာသားအမိနှစ်ယောက်တစ်နေရာရာထွက်ပြေးကြမည်။ခုတော့ သူ့စိတ်ကူး
တွေလွဲပါပြီ။

"အေးပေါ့ကွ ဒါနဲ့ငါတူကြီးအဆင်ပြေရဲ့လား
မင်းကို ဟိုဓားပြဂျောင်ကုဆိုလားဂျောင်ဟုဆိုလားကဖမ်းသွားတယ်ဆို"

RobberWhere stories live. Discover now