Part-10

328 51 12
                                    

အဖြူရောင် အနှီးထုပ်ထဲတွင် နှစ်ခြိုက်စွာအိပ်ပျော်နေသော သူ့ရင်ခွင်ထဲ ပွေ့ပိုက်ထားသည့် နီတာရဲကလေးငယ်လေးကို ကြည့်ရင်း ဆော့ဂျင် သက်ပြင်းချတစ်ချက်မိသည်။

ပေါင်ချိန်90ရှိသောမွေးကင်းစလေး သည်ပါးကြီးများမို့ဖောင်းကာ လွန်စွာချစ်ဖို့ကောင်းသည်။တုတ်တစ်နေသော ခန္ဓာကိုယ်လေးကမြင်သူတိုင်းအသည်းယားဖွယ်ရာ။

မျက်ခုံးထင်းထင်း နှင့်ကော့ညွှတ်နေသော မျက်တောင်ရှည်များက ဒုံရှစ်နှင့်တူကာ နှာတံစင်းစင်းနှုတ်ခမ်းပါးပါးလေးကတော့ ယယ်ဂျင်းပုံတူလေးဖြစ်သည်။

"သားသားရေ မင်းဖေဖေနဲ့မေမေကတော့ ဟိုးကောင်းကင်ပေါ်ရောက်သွားပြီကွ"

အိပ်ပျော်နေသော သားသားပါးကိုဖွဖွလေးဆွဲညှစ်ရင်း ဖခင်နှင့်မိခင်မျက်နှာတောင်မမြင်သွားလိုက်သည့် ကလေးငယ်အကြောင်းတွေးမိတော့မျက်ရည်ကျမိပြန်သည်။

ယယ်ဂျင်းက ကလေးကိုမွေးပြီးချင်းမီးတွင်းထဲမှာကတည်းက ဆုံးသွားခဲ့သည်။

ယောကျာ်းဖြစ်သူက သူ့မျက်စိရှေ့မှာတင်အသတ်ခံလိုက်ရတာတော့ သွေးလန့်သွားတာကြောင့်..

ဆေးရုံကို အချိန်မှီမရောက်လာတာကြောင့်..

လိုအပ်တဲ့သွေးကိုသွင်းဖို့  အချိန်မရတော့တာကြောင့်..

စတဲ့အကြောင်းကြောင့်တွေ​ကြောင့် သေဆုံးကြောင်းအတည်ပြုမှုဟာ ယယ်ဂျင်းအပေါ်သက်ရောက်လာခဲ့ပါတယ်။

"အကိုလေး ထမင်းစားဖို့ကျွန်မပြင်လိုက်ရတော့မလား"

ဂျောင်ကုတပည့်တွေထဲမှ ခပ်ရွယ်ရွယ်လင်မယားနှစ်ယောက်ဖြစ်သည့်ချောင်းဆော့နှင့်အယ်ဖွန်းတို့ကဂျောင်ကုတို့သတင်းကြားကြားခြင်းရွာကနေအိမ်သို့ရောက်လာပြီးဆော့ဂျင်ကိုစောက်ရှောက်ပေးကာဝေယာဝ္စျအကုန်လုပ်ပေးကြသည်။

"အင်း အဆာပြေစားဖို့လောက်ပဲလုပ်ပါ ငါသိပ်မဆာလို့"

"ဟုတ်ကဲ့ အကိုလေး"

အယ်ဖွန်းထွက်သွားပြီးနောက်ဆော့ဂျင်လက်ထဲက သားသားကိုအိပ်ယာပေါ်နေရာတကျချကာ ထမင်းစားခန်းဘက်သို့ဆင်းလာခဲ့သည်။

RobberWhere stories live. Discover now