Part-11

347 50 15
                                    

ပုလိပ်တွေမလိုက်နိုင်အောင် ခေါင်ပါးလှသည့်ရွာဘက်တိမ်းရှောင်ရမည်မို့ လမ်းပန်းဆက်သွယ်ရေးတို့ကတော့သိပ်မကောင်းလှ။

ကုန်းတစ်တံလှေတစ်တံနှင့်ခရီးက အတော်ဖင့်သည်။

"ဂျောင်ကု ငိုက်မနေနဲ့အိမ်ရောက်တော့မယ်"

ဆော့ဂျင် လှေပေါ်မှာငိုက်နေသူ ဂျောင်ကု၏ပခုံးကိုခပ်ဆတ်ဆတ်လေးရိုက်ကာအသိပေးလိုက်တော့ ပြူးပြဲပြီးဆက်ကနဲခေါင်းထောင်လာသည်။

"လမ်းကိုဘယ်လိုလျှောက်နေတာလဲ။ဘိန်းစားလိုလေးဖင့်နေတာပဲ"

လှေပေါ်ကဆင်းတော့ အိပ်ချင်မပြေသေးဟန်ဖြင့် ဂျောင်ကု လမ်းလျှောက်ပုံမှာတုံ့နှေးတုံ့နှေး။

ဆော့ဂျင်ကဆူငေါက်ပြန်တော့လည်း မျက်နှာလေးမဲ့ကာ"ဆော့ဂျင်ကလည်း"ဆိုပြီးသနားစရာပုံ လုပ်ပြပြန်သည်။

တကယ်တည်း အမြင်ကတ်စရာကောင်။

"ဒီထပ်စောစောရောက်မယ်တောင်ထင်တာ နေစောင်းမှပဲရောက်လာကြတော့တယ်ကွယ် ကဲ..လာကြ..လာကြ"

"ဟုတ်ကဲ့ ဒေါ်ဒေါ်"

အသက်ခြောက်ဆယ်နီးပါးအရွယ်ရှိသော အမျိုးသမီးကြီးတစ်ယောက်က အခိုင်အခန့်ဆောက်ထားသောပျဥ်ထောင်အိမ်လေးထဲမှထွက်လာကာသူတို့ကိုခရီးဦးကြိုသည်။

"ဒီကမောင်ရင်က အဒေါ့်သမက်နဲ့သမီးပြောပြောနေကြ အစ်ကိုကြီးဆိုသူထင်တယ်"

"ဟုတ်တယ် ဒေါ်ဒေါ်ကျွန်တော့်အမျိုးသားဆိုသူလေ ဒါနဲ့သားရောခဗျ"

အမေးစကားကဂျောင်ကုဆီဦးတည်ပေမယ့် ဖြေဆိုသူကတော့ဆော့ဂျင်သာဖြစ်သည်။
"အမျိုးသား"ဆိုသည့်စကားလုံးလေးသုံးလုံးမှာပီတိတွေပျော်၀င်မှုကမနည်းမနော။လူကြီးသူမရှေ့မှာတောင်ဂျောင်ကုခဗျာအန္ဒြေမဆယ်နိုင်ရှာ။

မျက်နှာတစ်ခုလုံးမှိုရသလိုပြုံးဖြီးနေရသည်။

"မောင်ရင့်သား အိပ်နေတယ်ကွဲ့ ဒေါ်ဒေါ်သေချာလေးသိပ်ထားပါတယ်"

"ဟုတ်ကဲ့"

"မောင်ရင်က လူချော၊လူခန့်ပဲကွယ့် ဒေါ်ဒေါ့်သမက်ကအစ်ကိုကြီးဆိုပြီးခေါ်နေတော့ ဒေါ်ဒေါ်ကအသက်ကြီးမယ်ထင်နေတာ လူငယ်လေးပဲ"

RobberWhere stories live. Discover now