Part-8

341 52 5
                                    

ညနေရုံးဆင်းချိန်မို့ဂျောင်ကုကားလေးနှင့်ဆော့ဂျင်ရှိရာသံရုံးဘက်သို့ရောက်လာခဲ့သည်။

အခုနောက်ပိုင်းဆော့ဂျင်ကိုလွတ်လပ်စွာနေစေလိုသည်။သူနှစ်သက်တဲ့အလုပ်ကိုလုပ်ချင်သည်ဆိုတော့လည်းအတင်းအကျပ်ချည်နှောင်ထားပြီးမလုပ်နဲ့လို့မတားလိုတော့။ဒီတစ်ခါဆော့ဂျင်သူ့ဘ၀ထဲကထွက်သွားရင် လွှတ်ထားပေးတော့ပါမည်။

ဂျောင်ကုသံရုံးနားရောက်တော့ကတ္တရာလမ်းများကိုပြင်နေသည့်လမ်းလုပ်သားကူလီများကြောင့်ကားကဆက်၀င်လို့မရတော့။လမ်းဘေးကသာကပ်လျှောက်သွားရသည်။

ထို့နောက်အဆင့်မြင့်မြင့်အနက်ရောင်ကလက်စတယ်ကားတစ်စီးကအရှိန်ဖြင့်ဆိုက်လာခြင်းဖြစ်ပြီးကားပေါ်မှလူတစ်ဦးထွက်လာသည်။

တောက်!လမ်းပြင်နေတာကိုဒီခွေးမသားလေးက ကားကိုလူလိုမမောင်းဘူး။

ဂျောင်ကုစိတ်ထဲကကျိန်ဆဲရင်း ကားပေါ်ကဆင်းလာသူကိုလှမ်းကြည့်လိုက်တော့ ထိုသူမှာလမ်းကူလီများကြား တခမ်းတနား။

အမဲရောင်ဥရောပ ၀တ်စုံနှင့်။ရွှေရောင်ကိုင်းတပ်စီးကရက်ကိုဟန်ပါပါခဲထား၏။

ရုပ်ရည်မှာကပြားပုံပေါက်သည်။မေးရိုးထင်းထင်းနှုတ်ခေါင်းချွန်ချွန်နှင့်ကြည့်ကောင်းသည့်ထဲတော့ပါသည်။

"အဲ့ဒါက,ဘယ်သူလဲ ဝေလမင်းသားများလား"

ဆော့ဂျင်အလုပ်လုပ်သည့်သံရုံးထဲ၀င်သွားသည်မို့ဆော့ဂျင် လက်ထောက်လုလင်ကိုဂျောင်ကုမေးစမ်းလိုက်သည်။

"ဘယ်ကသာဗျာ...ဆရာ့ဆီခဏခဏလာနေတဲ့ကပြားကောင်ပေါ့။သူ့အဖေကအင်္ဂလန်ဘက်ကိုလိုနီကြီးလို့ပြောတယ်။ သူကတော့ကျုပ်တို့ဘက်မှာအစိုးရနဲ့အဆင်ပြေနေတော့ အနေအစားချောင်ပြီး လာလုပ်စားနေတာ။အခုလည်းမဲကိစ္စဆိုလားဘာလား ဆရာဆီလာပြီးအမှုအပ်နေတာဗျ။ကျုပ်ဆရာကရှုပ်ရှုပ်ယှက်ယှက်အဲ့မဲကိစ္စတွေလက်မခံဘူးဆိုလည်းမရဘူး။နေ့တိုင်းကိုလာနေတော့တာပဲ။"

"အော် အဲ့လိုလား"

"ဒါနဲ့...သူကအတော်ချမ်းသာလားဗျ"

RobberWhere stories live. Discover now