Part [21]🌺

374 25 1
                                    

ပွက် ပွက် ဆူနေသော အိုးထဲသို့ သူရိန်ထွန်းမောင်သည် အသားများ၊ပုဇွန်များနဲ့အရွက်တစ်ချို့ထည့်ကာ မွှေလိုက်အရင်း ကျက်လောက်ပြီထင်တဲ့ အသားများကို သူ့ရှေ့ကတိမ်ယံခွက်လေးထဲသို့ ထည့်ပေးလိုက်သည်။

"စားလေးတိမ်ယံရဲ့ မောင့်က မင်းစားချင်ဆိုလို ဟော့ပေါ့အစပ်လေ ဝယ်ကျွေးတာ "

မချိုမချဉ်ပြုံး၍ သူ့ရှေ့က ဆူပုတ်ကာထိုင်နေတဲ့ သူ့ချစ်ဇနီးလေးကိုပြောလိုက်သည်။

တိမ်ယံကတော့ မောင့်ဆိုတဲ့စကားကြား၍ ချက်ချင်းတောင် အိုစာသွားချင်တယ်။တော်တော်ပါးစပ်အရသာတွေ့နေတာ
ကိုသူရိန်ထွန်းမောင်ကြီးက။

လူကိုမကြည့်သလို့ကြည့်၍ သူ့ထည့်ပေးတဲ့အရာများကိုမထိတာတွေ့တော့

"စားလေ ‌အသားတွေမကြိုက်လို့လား မောင့်
ပုဇွန်များများထပ်ထည့်ပေးမယ်လေ"

"တော်ပါတော့ တစ်မောင်,မောင်နဲ့ ဘာဖြစ်နေတာလဲ"

"မင်းဘဲ ကိုယ့်ကိုမောင်လို့ အရင်စခေါ်တာလေ... ဒါပင်မဲ့ အဲ့မောင်ဆိုတာကို မင်းနှုတ်ဖျားက ခေါ်တာကို ကိုယ်ပိုသဘောကျတယ်။ နောက်လဲ အဲ့လို့ခေါ်နော်၊"

"ဘာလို့ခေါ်ရမှာလဲ အသံနဲ့တောင်ကြက်သီးထတယ်"

"ဒါမင်းဘက်ကစတဲ့ ဇာတ်လမ်းဘဲ။ မင်းမခေါ်လို့မရဘူး မောင်ဘက်ကမင်းခေါ်အောင်လုပ်နိုင်တဲ့ နည်းလမ်းတွေအများကြီးရှိတယ်...ဥပမာ မင်းဆိုင်မှာတုန်းကလို့ပေါ့"

ထို့စကားကိုကြားတော့ ဆိုင်ကအဖြစ်ပျက်ကို ပြန်မြင်ယောင်၍ တိမ်ယံနှုတ်ခမ်းအလယ်က ပိုပြီးစပ်လာသလို့တောင် ခံစားရသည်။

လွန်ခဲ့သော တစ်နာရီခန့်က

တိမ်ယံ အစ်ကိုကိုယ် ဟော့ပေါ့စားချင်ဆိုပြီး ဖုန်းဆက်၍ မောင်လို့စနောက်ပြီး ချွဲသံနဲ့ပြောလိုက်မိတာကစတော့သည်။

အစ်ကိုဘက်ဖုန်းချသွားတော့ သူ့စလိုက်လို့ဖြစ်နေမဲ့ အစ်ကိုမျက်နှာလေးကိုမြင်ယောင်၍ အူတက်အောင်ရယ်နေမိတော့သည်။

အစ်ကို့ကိုစနောက်၍ စားချင်တယ်လို့သာ ပြောမိတာ အခုတော့မစားချင်တော့ပေ။ အခုတစ်လော သူ့စိတ်တွေက အဲ့လို့အမျိုးမျိုးတွေဖြစ်နေတာ။

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 [BL]Where stories live. Discover now