Part [8]🌺

372 25 2
                                    


အခု သူရိန်ထွန်းမောင်တို့ သူငယ်ချင်းတွေတွေ့ဖို့ချိန်ထားတဲ့နေရာရှိ ကားပါကင်ထဲသို့ ရောက်ရှိပြီးဖြစ်သည်။ ကားပါကင်ထိုး၍

ကားထဲက သူရိန်ထွန်းမောင်ထွက်ခံနီး ဘေးခုံးက
တိမ်ယံကို ကြည့်လိုက်တော့လက်က‌လေး နှစ်ဖက်ကိုအချင်းခြင်းဆုတ်ကိုင်နေတာတွေ့တော့..အဲ့လက်သွယ်သွယ်လေးများအပေါ်အုပ်ကိုင်ပြီ

"ရင်တွေတုန်နေတာလား တိမ်ယံ?...
မကြောက်ပါနဲ့ ကိုယ် သူငယ်ချင်းတွေက တိမ်ယံကိုမကိုက်စားပါဘူး"

တိမ်ယံလက်များပေါ်၌ ထက်တင်ထားသောအဆစ်များလည်းအနေအသင့်ကြီးပြီး ရှည်သွယ်၍ယောက်ျားပီသသော လက်များကိုကြည့်ပြီ အစ်ကိုထွန်းမောင်ရှိရာကိုလှည့်ကြည့်လိုက်ပြီးတော့

"နည်းနည်းတော့ရင်တွေတုန်တာပေါ့ တစ်ခါမှာအဲ့လို့ မိတ်ဆက်ပွဲတွေ မသွား‌ဘူးတာ"

သူကိုမကြည့်,ကြည့်ဖြင့် မျက်မှောင်လေးတွေကြုတ်ပြီး ပြောလိုက်ပုံမှာ တကယ်အသဲယားဖွယ်အတိ။

သူရိန်ထွန်းမောင်လည်းပြုံးလိုက်ပြီ၊

"ဟုတ်ပါပြီ...မကြောက်နဲ့ လာသွားစို့ အခုလောက်ဆို ဟိုကောင်တွေရောက်လောက်ပြီ"

"အင်း"

အစ်ကိုထွန်းမောင်က ကားထဲကအရင်ထွက်ပြီး တိမ်ယံဘက်သို့လာပြီး ကားတံခါးလာဖွင့်ပေးသည်။

တိမ်ယံမှာ အဲ့လို့ ကိုယ်ခင်ပွန်းလောင်က ဒီလို့အရာတွေကအစ လုပ်ပေးတော့ ဘာမှာမဟုတ်တဲ့အရာဆိုပင်မဲ့။ ရင်ထဲမှာဝမ်းသားအူမြူးလို့နေသည်။

ဒီနေ့ တိမ်ယံ ရိုးရိုးရှင်းရှင်းချည်သားဝမ်းဆက် အင်္ကျီနဲ့ထမိန်‌ လိမ္မော်ရောင်လေးကို ဝတ်ဆင်ထားပြီ၊ အစ်ကိုထွန်းမောင်ကတော့ အနက်ရောင် တီရှပ်နဲ့ဘောင်းဘီနှစ်ခုစလုံးကိုတွဲဖတ်ဝတ်ထားပြီ လူငယ်ပုံစံကိုအများကြီးပေါ်လွင့်စေသည်။ အမြဲပုဆိုးလေးဖြင့်မြင်ရနေတော့ အခုလို့ ဘောင်းဘီလေးနဲ့မြင်ရပြန်တော့လည်း အမြင်ဆန်းသွားသည်။ ပုဆိုးလေး‌နဲ့ကလည်း တစ်မျိုးကြည့်ကောင်းပါသည်။ အစ်ကိုထွန်းမောင် က ဘယ်လို့ဝတ်ဝတ်ကြည့်ကောင်းနေတဲ့သူပင်။ တိမ်ယံ သူအတွေးနဲ့သူပြုံးလိုက်၏။

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 [BL]Où les histoires vivent. Découvrez maintenant