Part [2]🌺

682 30 0
                                    

နေပြည်တော်မြို့ရှိ နိဗ္ဗာန်လို့တောင်တင်စားထားသော လူချမ်းသာများနေထိုင်သော ရပ်ကွက်ကြီးများရှိ 306ပေရှိသော ခြံကြီးခြံတစ်ရှိ 3ထပ်အိမ်ကြီး၌ အေးချမ်းတယ်ထင်ရပင်မဲ့ ဤအိမ်ကြီးရှိ အိမ်ကြီးရှင့်သခင်များတွင်မူ ပူလောင်မူများမှာ ၎င်းတို့ရဲ့မျက်နှာထပ်ဝယ် ရုပ်ဆိုးအကြည်းတန်ပေးသည်။ ၎င်းတို့သည် အိမ်ကြီးရဲ့ ဧည့်ခန်းတွင် စုစည်းထိုင်နေ၍ တစ်စုံတစ်ခုကို စိတ်တိုနေပုံရ‌သည်။

"တောက် ... မင်းတို့ ရှိနေတာတောင် လူတစ်ယောက်လုံး ထွက်သွားတာ မသိဘူးလား ဟမ်!?"

ထိုထဲမှာ ဖြူနေသောမျက်နှာထပ်တွင်မိတ်ကပ်အထပ်ထပ်များလိမ်းခြယ်ထားသောလည်း ဒေါသကြောင့် ထွက်ပေါလာသော အရည်အကြောင်းများမှာ ဤမျက်နှာပိုင်ရှင်မှာ အိုသွားသယောင်ယောင်ဖြစ်ပါ်နေမှန် မသိသော အမျိုးသမီးက စကားဆိုလာ၏။

"အို့တော်... ကျမတို့ကို အပြစ်လာမတင်ပါနဲ့ ဒင်းကို ကျမတို့က မျက်စိဒေါက်ထောက်ပြီး လိုက်ကြည့်နေရအောင် အားယား‌မနေဘူး "

ထို့ယောက်ျားသည် ထိပ်ဆုံးခုံမှာ မတ်တပ်ရပ်ခါးထောက်ပြီး သူအရှေ့က ထိုင်နေတဲ့ လူ3ယောက်ကို မျက်မှောင်ကြီးကြုတ်၍ကြည့်နေလိုက်သည်။

"‌အမေပြောတာ ဟုတ်တယ် ကျတော်တို့ကကော ကိုယ်အလုပ်နဲ့ကို သူလိုက်ကြည့်နေရအောင် သူ့က ကလေးလား အဖေရဲ့ ယောင်္ကျားမဟုတ် မိန်းမမဟုတ်သူ့ကို ဘယ်သူ့က စောက်လုပ်ရှုပ်ခံပြီးကြည့်နေရမှာလည်း"

"ကိုကိုပြောတာ မှန်တယ် သူပျောက်တာ သမီးတို့ကို လာအပြစ်တင်မနေနဲ့ အကုသိုလ်ပေးကိုပေးတယ် တစ်နေ့တစ်နေ့သူ့စောက်ပြဿနာဘဲ ဒီအိမ်မှာ အဲ့တာကြောင့်မနေချင်တာ "

ထိပ်ဆုံး၌ မတ်တပ်ရပ်ခါးထောက်နေသော အမျိုးသားသည် သူ၏ သားသမီးများစကားကြောင့် စိတ်တို၍ ‌ဟိန်းထွက်နေသော အသံနဲ့

"အဲ့ စောက်ပြဿနာကောင်ကြောင့် မင်းတို့အခုလို့ နေနိုင်နေတာထည့်ပြောအုံး အခု ငါ့တို့ 'ဦးမင်းသူ' ကို
‌'‌နွေဦးတိမ်ယံ' ပျောက်နေတာ ဘယ်လို့ပြောရတော့မှာလည်း သူ့ပျောက်ရင် ဘာစောက်ပြဿနာတွေ တက်မလဲဆိုတာ မင်းတို့ သိတယ်မလား"

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 [BL]Where stories live. Discover now