Part [6]🌺

442 27 0
                                    


သူရိန်ထွန်းမောင် ဒီနေ့ သိပ်လုပ်စရာမရှိလို့ အလုပ်ကို နည်းနည်းနောက်ကျပြီးမှ ရောက်လာခဲ့သည်။

အလုပ်ရောက်တော့ နှုတ်ဆက်သောဝန်ထမ်းတစ်ချို့အား ပြန်နှုတ်ဆက်၍ 3ထပ်မြောက် သူရုံးခန်းရှိရာသို့ ဝင်လိုက်ရာတွင်...

"ငလူး  ဘာလို့မြန်မြန်မလာတာလဲ?"

"-ီးမို့လို့ နောက်ကျနေရတာလား"

"သတောင်းစားလေး မြန်မြန်လား"

သူရိန်ထွန်းမောင် "???"

အခန်းထဲတောင် ခြေမချရသေးဘူး သူကိုဝိုင်းဆဲနေသော မအေးဘေး 3ကောင်ကြောင့် ကြောင်လျက် မျက်မှောင်ကုတ်လိုက်မိ၏။

"ဘော မို့လို့ ဝိုင်းဆဲနေရတာလည်း နှမပေးတွေရဲ့ "

ဥက္ကာဦး  "ငါမှာတော့ နှမ,မရှိဘူး လို့ချင်ရင် မင်းဘေးက  ဟိုနှစ်ကောင်ယူလိုက်"

ဇွဲသူ "-ီးမို့လို့ ငါကယူရမှာလား ငါရည်းစား ဖြူငြိမ်းလေးဘဲ ယူမှာပေါ့"

မင်းခ "မင်းရဲ့ ဆက်စလူးစိန်ရည်းစားကို အသာထားစမ်းပါ ငါတို့မေးစရာရှိတာအရင်မေးရအုံးမယ်"

သူရိန်ထွန်းမောင်ကတော့ ဒင်းတို့ကို ဂရုစိုက်ဟန်ဖြင့် သူအလုပ်စာပွဲမှာ သွားထိုင်သည်။

ထိုင်အခါ မသာ3ကောင်က အသဲအသန်သူရှိရာကိုလာပြီး

မင်းခ "ဟေ့ ကောင် သူရိန် မင်းမိန်းမခိုးလာတယ်ဆို"

ဥက္ကာဦး "အေး ဟုတ်တယ် ဒီမနက်ကတောင် ငါ့အမေက မေးနေတာ 'မင်းသူငယ်ချင်း
သူရိန်ထွန်းမောင် တစ်ယောက် မိန်းမ ခိုးသွားတယ်ဆို'တဲ့ ငါ့ကလည်းမဟုတ်ပါဘူး အမေလူမှားတာလို့တောင် ပြောလိုက်သေးတယ်။ အဲ့တာငါ့အမေက မင်းကသာလူမှားနေတာ ဟိုက ရပ်သိရွာသိကို ဟိုးလေးတစ်ကျော်ကျော်တောင် ဖြစ်နေပြီးတဲ့ သူတောင်ဈေးသွားရင် သိလာတာလို့ ပြောတယ် "

သူတို့မှာ ဒါကိုသိချင် မနက်အစောကြီးထဲက ဒင်းအခန်းထဲဝင်စောင့်နေတာကို.. မသာက နောက်ကျမှာအလုပ်ရောက်လာတယ်လေ။

သူရိန်ထွန်းမောင် ရှေ့ကနှစ်ကောင်အပြောကို အံ့‌ဩလွန်လို့  ပါးစပ်တောင် ဟ မိသည်။

ဇွဲသူ "ဟုတ် ငါချစ်သူလေးဖြူငြိမ်းကတောင် မေးတယ်။ မင်းတို့ကို ရှော့ပင်းမော တစ်ခုမှာတွေ့တယ်တဲ့။ မင်းမျက်နှာဆိုပြုံးလိုက်တာ ပါးစပ်နားရွက်တပ်ချိတ်တော့မယ်တဲ့ သူတို့ကိုတောင်မမြင်ရအောင် မိုးမမြင်လေမမြင် ပျော်ရွှင်နေတာ။ ငါတောင်ကြောင်သွားတယ်"

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 [BL]Onde histórias criam vida. Descubra agora