Part [7]🌺

430 23 0
                                    

ကောင်းကင်ပြာပြာတွင် အဖြူရောင်တိမ်တိုက်များနဲ့အပြိုင် နေလုံးကြီးကလည်း ထွက်ပေါ်နေ၍ မြင်သူတို့အဖို့ အေးချမ်း သာယာသောနေ့တစ်နေ့ဖြစ်တည်ရှိလေ၏။

ထိုကောင်းကင်ပြာပြာအောက်ရှိ ပန်းခြံကြီးတစ်ခုတွင် လူအများစိတ်အပန်းဖြေစေဖို့ ရည်ရွယ်ထားပြီ၊ ပန်းရောင်စုံအဖူးအပွင့်များ၊သစ်ပင်ကြီးငယ်များ လူလုပ်ရေကန်များရှိ၍ အရောင်အသွေးစုံစွာ လှပတည်ရှိနေသည်။

အလုပ်ပိတ်ရက်မို့ ပန်းခြံထဲတွင်ရှိ ခုံတန်းတစ်ချို့နဲ့ မြတ်ခင်ပြင်များ၌ ချစ်သူစုံတွဲများ၊ မိသားစုလိုက် စိတ်အပန်းဖြေသူများ၊ ကလေးများရဲ့ပြေးလွှားဆော့ကစားသံများ၊ မိဘများမှာကလေးများအား လမ်းလျှောက်တက်စသင်နေသော အသံများနှင့် ကျေးငှက်များ တစ်ကျီကျီအော်သံများ အစုံကြားနေရသည်။

ဟုတ်ပါတယ် အခု အစ်ကိုထွန်းမောင်နဲ့ တိမ်ယံ, တို့ ပန်းခြံတစ်ခုကို ရောက်ရှိနေတာဖြစ်သည်။

တိမ်ယံ,တို့ အရိပ်ရ၍လူများနဲ့ အနည်းငယ်အလှမ်းဝေးသော ခုံတန်းတစ်ခုတွင် ဘေးချင်းယှဉ်ကပ်ထိုင်နေ၏။

ဒီနေ့ တိမ်ယံ အင်္ကျီအဖြူချည်သားဇာအပေါက်လက်ပြတ်နောက်ဇစ်ကို ထမိန်ချည်သားအနက်၌ အဖြူရောင်လှိုင်းပုံသေးသေးလေးတွေပါရှိသောထမိန်အနက်လေးကို ဝတ်ဆင်ထားပြီး ခါးအထိရှည်သော ဆံပင်လေးကို အကုန်စုစည်းပြီး ခက်မြင့်မြင့်ချည်နှောင်ထားလိုက်ပြီး ပါးပေါ်၌ မိတ်ကပ်ခပ်ပါးပါးလေးလိမ်းထား၍ နှုတ်ခမ်းကိုတော့ နှုတ်ခမ်းအဆီပန်းရောင်လေးဆိုထားပြီး လှပသော မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့မျက်တောင် ကော့ကော့များရှိသောကြောင့် အလှပေါ်အလှဆင့်နေပါတော့သည်။

အစ်ကိုထွန်းမောင်ကတော့ ရှေ့ကြယ်သီးပါသော ချည်သားရှပ်လက်တိုအဝါရောင်အနုကို အင်္ကျီကို ပုဆိုးအကွပ်စိတ်လေးကို ခြေမျက်စိအပေါ်အထိဝတ်ထားပုံက ရင့်ကျက်တဲ့ ယောင်္ကျားသားပုံပေါ်သလို့ သန့်ပြန့်၍လူရေလူမွန်ပုံလေးလည်းပေါ်လွင်‌နေလေ၏။

တိမ်ယံတို့ဒီရောက်နေတာ ဒေါ်လေးပြောသော ကိစ္စကို ဆွေးနွေးရန်ဖြစ်သည်။ အိမ်မှာဆို ဒေါ်လေးရှိသောကြောင့်။ လွတ်လွတ်လပ်လပ်စကားပြောရအောင်... ဒေါ်လေးကို ဝယ်စရာရှိတယ်ဆိုပြီး ဖြူရောင်မုသားလေးသုံးပြီး အစ်ကိုထွန်းမောင်က တိမ်ယံကို ဒီပန်းခြံလေးထဲသို့ ခေါ်လာတာဖြစ်သည်။

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 [BL]Where stories live. Discover now