Part [16]🌺

426 24 2
                                    


အချိန်အားဖြင့် ည(၁၀)ထိုးလို့နေပါသည်။

သူရိန်ထွန်းမောင်တစ်ယောက် ကုတင်ကိုကျောမှီကာ စာကြည့်မျက်မှန်တပ်ပြီး "မြန်မာရှေ့အဆက်ဆက်ကသမိုင်းအစစ်မှန်" ဟုရေးထားသော စာအုပ်တစ်အုပ်ကို ဖတ်ရှု့လို့နေသည်။

ဂျလောက်!

တံခါးဖွင့်သံကြားလို့ မော့ကြည့်မိတော့ ဆံနွယ်ရှည်များချကာ ညဝတ်ဝမ်းစက်အင်္ကျီလေးနဲ့ သူအသဲညှာလေးဖြစ်လို့နေတယ်။

တိမ်ယံရေးချိုးခန်းထဲက ထွက်လာပြီး ဖားလားချထားသော ဆံပင်များကိုရှေ့သို့ချကာ ဘီးယူ၍ မှန်တင်ခံရှေ့တွင် မတ်တပ်ရပ်ဖြီးနေလိုက်သည်။

မဖြီးလို့လည်းမရ ညဘက်ဖြီးအိပ်မှာ မနက်ကြမှာ သိပ်မရှင်းရမှာ။ ဖြီးနေတုန်း သူကိုစိုက်ကြည့်နေသလို့ ခံစားရလို။ မျက်လုံးဝေ့ ကြည့်မိတော့။

ဆန့်ဆန့်ကြီး ကုတင်ကျောမှီကာ ကိုယ့်ကိုစိုက်ကြည့်နေသော အစ်ကို့ကိုတွေ့တော့ မျက်မှောင်လေးကုပ်ကာ

"ဘာကြည့်တာလဲ?"

"ကိုယ်မိန်းမက မပြင်မဆင်နဲ့တောင် ချောလို့လှလို့ကြည့်နေတာ။"

တိမ်ယံ စိတ်လေတယ်ဆိုတဲ့ အကြည့်နေဘဲပြန်ကြည့်လိုက်တော့သည်။

သူနဲ့လဲဖက်ပြီးပြန်မပြောချင်တော့ဘူး။ ပြောလဲ နိုင်မည်မဟုတ်ဘူးဆိုတာ သိနေလို့လေ။

ခေါင်းဖြီးပြီးသွားတော့ သူကုတင်ပေါ်တက်ကာ သူကိုယ်ပေါ်သို့ စောင်လေးဆွဲခြုံးလိုက်ပြီး အိပ်ရန်ပြန်လိုက်တော့၏။

သူရိန်ထွန်းမောင် သူကိုင်ထားသော စာအုပ်နဲ့ မျက်မှန်တို့ ဘေးစားပွဲပေါ်တင်ပြီး တိမ်ယံဘေး လှဲကာ

"ဪ...ကိုယ့်ပြောဖို့ မေ့နေတာ ဇွဲသူ အဲ့ကောင် စေ့စပ်တော့မယ်တဲ့"

"ဟမ့် ဘယ်သူနဲ့?"

တိမ်ယံအမှတ်တစ်မှတ်ကြောင်သွား လို့ မေ့လိုက်မိတော့။ အကို့က ဘယ်သူရှိရမှာလဲဆိုတဲ့ အကြည့်နဲ့ကြည့်လို့လာသည်။

"ဖြူလေးတို့က စေ့စပ်တော့မှာပေါ့ တိမ်ယံလဲ မသိရပါလား?"

သူရိန်ထွန်းမောင်သည် တိမ်ယံနားတိုးကပ်ကာ ခါးလေးအားဖက်လိုက်ပြီး

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 [BL]Onde histórias criam vida. Descubra agora